ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်များကို NLD လူငယ် အကောင်အထည် ဖော်မည်

NLD လူငယ်များက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို လမ်းညွှန်အဖြစ်အကောင် အထည်ဖော်သွားမယ်လို့ သြဂုတ်လ ၂၆ ရက် မနေ့က ညနေပိုင်းက ပြုလုပ်တဲ့ လူငယ်အစည်းအဝေးမှာ ဆုံးဖြတ်ပါတယ်။
2010-08-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ်သည့် မတ်လ ၂၉ ရက်က  ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးရှေ့တွင် စုရုံးနေသော အဖွဲ့ချုပ်ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ်သည့် မတ်လ ၂၉ ရက်က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးရှေ့တွင် စုရုံးနေသော အဖွဲ့ချုပ်ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

သြဂုတ်လ ၂၆ရက်နေ့ ညနေပိုင်း NLD ဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ လူငယ်အစည်းအဝေးမှာ ရန်ကုန်တိုင်း မြို့နယ်များအတွင်း ရှိကြတဲ့ လုူငယ်ခေါင်းဆောင်တွေ၊ လူငယ်လုပ်ငန်းများ ဖော်ဆောင် ရေးနဲ့ ရန်ကုန်တိုင်း အကူအညီပေးရေးစတဲ့ အဖွဲ့တွေ စုစုပေါင်း ၅၀ လောက် တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ်တာတွေနဲ့ပတ်သက်ပြီး လူငယ် စည်းရုံးရေးမှူးတဦးဖြစ်တဲ့ ကိုမြင့်ဌေးက ခုလိုပြောပါတယ်။

“ကျွန်တော်တို့ ဒီ ၁၉ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစည်းအဝေးက ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သပိတ်မှောက်တယ်ဆိုတဲ့ ကိစ္စ၊ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ထောက်ခံတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ ဆွေးနွေးဖြစ်တယ်ဗျ။ နောက်တခုက အန်ကယ် ဦးဉာဏ်ဝင်းနဲ့ အန်တီ မှာလိုက်တဲ့ ကိစ္စတွေ ရှိတယ်။ အချက် ၉ ချက်၊ အဲဒီဟာနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ မနေ့က ဆွေးနွေးပြီးတော့ ဒါကို ကျွန်တော်တို့ လမ်းညွှန်အဖြစ် ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့လည်း ကျွန်တော်တို့ ဆုံးဖြတ်ချက် ချတယ်၊ လူငယ်တွေက။”

ဒေါ်အောင်ဆန်းစုကြည် မှာကြားလိုက်တာတွေကို လမ်းညွှန်အဖြစ်အသုံးပြုပြီး လုပ်ငန်းတွေကို ဖော်ဆောင်မယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်မလဲဆိုတာကို ကိုမြင့်ဌေးက ခုလို ပြောပါတယ်။

“ရွေးကောက်ပွဲကို မဝင်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ မဲပေးစရာ မရှိဘူးဆိုလို့ရှိရင် မဲမပေးနဲ့ ဆိုတဲ့ အချက်တွေကို ကျွန်တော်တို့က ဒါကို အကောင်အထည်ဖော်မယ်။ နောက်တခုက ကျွန်တော်တို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမမျှတဘူး၊ ဒီဥပဒေကိုတောင်မှပဲ ဒီဥပဒေကို ထုတ်လုပ်တဲ့ လူတွေက မကျင့်သုံးဘူး ဆိုလို့ရှိရင် ဒါဟာ မင်းမဲ့စရိုက် ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေ ပြောထားတာ ရှိတယ်လေ။ အဲဒီတော့ အဲဒီ အကြောင်းအရာတွေကို ကျွန်တော်တို့ ပြည်သူလူထုတွေ နားလည်သဘောပေါက်အောင် ကျွန်တော်တို့ကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ရှင်းပြဖို့ အစီအစဉ်တွေကို ကျွန်တော်တို့ လမ်းညွှန်အဖြစ် ဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။”

ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ တခြားပြည်နယ်၊ တိုင်းတွေမှာ ရှိတဲ့ လူငယ်အဖွဲ့တွေကိုလည်း ဆက်ပြီး အကြောင်းကြား ဆောင်ရွက်မှာ ဖြစ်တယ်လို အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ကိုမြင့်ဌေးက ဆက်ပြီး ပြောသွားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့