ငြိမ်းချမ်းရေးအတွက် အချက် ငါးချက် KNPP ဆွေးနွေးမည်
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီနဲ့ လာမယ့်အောက်တိုဘာ ၂၁ ရက်နေ့ တွေ့ဆုံတဲ့အခါ အချက် ၅ ချက် ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
-
2013-10-18 -
-
-
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လာမယ့်အောက်တိုဘာ ၂၁ ရက်နေ့ တွေ့ဆုံတဲ့အခါ အချက် ၅ ချက် ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ခေါ်ယူကျင်းပပြီး အချက် ၅ ချက် ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က KNPP အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကနေ မပြီးပြတ်သေးတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စအပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စအပါအဝင် အချက်ငါးချက်ဆွေးနွေးမယ်လို့ KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က ပြောဆိုပါတယ်။
KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့ကြားမှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်တို့ သုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပေမယ့် ဒီနေ့အထိ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ရှေ့ဆက်ရမယ့်လုပ်ငန်းတွေ အခက်အခဲဖြစ်နေပြီး၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စကိုလည်း ဒီဆွေးနွေးပွဲအပေါ် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
KNPP အဖွဲ့ဟာ စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေးအပါအဝင် အချက် ၁၆ ချက်ကို သဘောတူလက်မှတ်ထိုးခဲ့ကြပေမယ့် ၃ လအကြာမှာ သဘောတူညီမှုပျက်ပြားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ကမှ အပစ်အခတ်ရပ်စဲရေး ပြန်လည်သဘောတူ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။