NNER အဖွဲ့ကို သမ္မတရုံးအရာရှိ ပြစ်တင်ဝေဖန်

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် NNER အနေနဲ့ အမျိုးသားလွှတ်တော်မှာကျင်းပတဲ့ ပညာရေးဥပဒေမူကြမ်း ကြားနာပွဲကို တက်ရောက်ဖို့ ပျက်ကွက်တာဟာ ဆန္ဒပြကျောင်းသားတွေကို ဓါးစာခံလုပ်ပြီး လွှတ်တော်ကို ဖိအားပေးတဲ့လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ဒီနေ့ ဝေဖန်ပြစ်တင်ပြော ကြားလိုက်ပါတယ်။

အမျိုးသားလွှတ်တော်မှာ မတ်လ ၅ ရက်နေ့က အမျိုးသားပညာရေး ဥပဒေမူကြမ်း ကြားနာပွဲ ကျင်းပစဉ် Photo: Myo Thant Khaing/RFA

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အနေနဲ့ အမျိုးသားလွှတ်တော်မှာကျင်းပတဲ့ ပညာရေးဥပဒေမူကြမ်း ကြားနာပွဲကို တက်ရောက်ဖို့ ပျက်ကွက်တာဟာ ဆန္ဒပြကျောင်းသားတွေကို ဓါးစာခံလုပ်ပြီး လွှတ်တော်ကို ဖိအားပေးတဲ့လုပ် ရပ်ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ဒီနေ့ ဝေဖန်ပြစ်တင်ပြောကြားလိုက်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ဒီကနေ့ပြုလုပ်ခဲ့တဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်း ကြားနာပွဲကို လက်ပံတန်းမှာ ဆန္ဒပြတာတွေရှိနေတဲ့အတွက် မတက်ရောက်နိုင်ကြောင်း NNER နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေက အကြောင်းကြားထားတာ ဖြစ် ပါတယ်။ NNER ကိုယ်စားလှယ်တွေ မတက်ရောက်တဲ့ အပေါ် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက

"ကိုယ်ပြင်ထားတဲ့ဟာကိုပဲလုပ် ဒီအတိုင်းပဲလုပ်ပေး၊ မဆွေးနွေးနိုင်ဘူးဆိုတာကတော့ ဒီမိုကရေစီ မဟုတ်ဘူး၊ နောက်လွှတ်တော်ကို ကျောင်းသားဆန္ဒပြတာကို ဓါးစားခံလုပ်ပြီးတော့ ဖိအားပေးတာ၊ ဒါကဒီမိုကရေစီမဟုတ်ဘူး၊ ခင်ဗျားလိုချင်တာရှိမယ်၊ ကျနော်လိုချင်တာရှိမယ်၊ အဲတော့ ခင်ဗျားလိုချင်တာတွေ အကုန်လုံးရမှ မရရင်လက်မခံဘူးဆိုတာကတော့ ဒါဒီမိုကရေစီမဟုတ်ဘူးပေါ့၊ ဥပဒေပြုရေးက လွှတ်တော်မှာ ရှိတယ် NNER ရော၊ ကျောင်းသားရော ဥပဒေပြင်ချင်တယ်ဆိုရင် လွှတ်တော်မှာပဲပြင်လို့ရတယ်၊ အဲ့ဥပဒေပြင် တာကို ရှောင်လွှဲနေတယ်ဆိုရင်တော့ ဘာကြောင့်လဲဆိုတာကို ကျနော်တို့မေးခွန်းထုတ်ရမယ်"

အစိုးရအနေနဲ့ NNER က ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို လက်ခံသေးတဲ့ သဘောမဟုတ်ဘဲ အစိုးရဆွဲထားတဲ့ မူကြမ်းနဲ့ကွဲလွဲနေတဲ့အတွက် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ NNER ရဲ့ မူကြမ်းကို လွှတ်တော်မှာတင်ပေးဖို့ ပြောခဲ့တာဖြစ်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

ကျောင်းသားတွေနဲ့ NNER အဖွဲ့ဝင်တွေဟာ ပညာရေး ဥပဒေပြင်ဆင်ရေးကို လိုအပ်လို့တောင်းဆိုနေတာဆိုရင် ဥပဒေပြင်ဆင်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြားနာမှုတွေပြုလုပ်ရမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

NNER က လက်ပံတန်းမြို့မှာ ပိတ်မိနေတဲ့ ဆန္ဒပြကျောင်းသားတွေကို အစိုးရက အကြမ်းဖက်ဖြိုခွင်းတာတွေရှိ လာမှာကို စိုးရိမ်ပြီး လက်တလောရှုပ်ထွေးနေတဲ့ အခြေအနေတွေကြောင့် ဒီနေ့ အမျိုးသားလွှတ်တော်မှာ ကျင်းပမယ့် အမျိုးသားပညာရေးဥပဒေပြင်ရေးဆိုင်ရာကြားနာပွဲကို မတက်ရောက်နိုင်သေးကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org