RFA အသံလွှင့်ဌာန ကမ္ဘာ့အကောင်းဆုံး ရေဒီယိုအစီအစဉ် ဆုရ
2010.09.27
New York Festivals အဖွဲ့က ချီးမြှင့်သည့် ၂၀၁၀ ကမ္ဘာ့ အကောင်းဆုံး ရေဒီယို အစီအစဉ်များ ဆုပေးပွဲမှာ အခန်းဆက် သတင်းတင်ပြချက် တတိယ အကောင်းဆုံး ကြေးတံဆိပ် ဆွတ်ခူးခဲ့သော RFA မြန်မာပိုင်းအစီအစဉ်မှ ဦးကျော်မင်းထွန်းကို စက်တင်ဘာ ၂၄ ရက်နေ့က ဆုယူပြီး တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)
ဒီဆုပေးပွဲမှာ RFA ဗီယက်နမ်ဌာနက သတင်းထောက်က ခေတ်သစ် လူမှောင်ခိုကူးမှုပြသနာ အသံလွှင့်အစီအစဉ်နဲ့ အထူးသတင်းတင်ပြမှု အကောင်းဆုံး ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။
New York Festivals ဆုဟာ ရေဒီယိုအသံလွှင့်လောကမှာ ဂုဏ်သိက္ခာ ကြီးတဲ့ ဆုဖြစ်ပြီး အခုနှစ် ဆုပေးပွဲဟာ အဖွဲ့ရဲ့ ၅၃ ကြိမ်မြောက် ဆုပေးပွဲဖြစ်ပါတယ်။
ညနေ ၆ နာရီကနေ ၁၀ နာရီအထိ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားနဲ့ ညစာစားပွဲမှာ ကမ္ဘာတလွှားက အသံလွှင့်ရေဒီယိုတွေက ညွန်ကြားရေးမှူးတွေ၊ သတင်းထောက်တွေနဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ နယ်သာလန်၊ ဗြိတိန်၊ အိန္ဒိယ စတဲ့ နိုင်ငံကြီးတွေက နာမည်ကျော် ရေဒီယို ဌာနတွေက သတင်းထောက်နဲ့ အစီအစဉ်မှူးတွေ ဆုအသီးသီး ရရှိခဲ့ရာမှာ ကနေဒါနိုင်ငံ တိုရွန်တိုအခြေစိုက် ကနေဒါအသံလွှင့်ဌာန CBC က ဆုတံဆိပ် ၁၇ ဆုနဲ့ ၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး ရေဒီယိုဆု Broadcaster of the Year ကို ရရှိသွားပါတယ်။
ဒီဆုကို ၂၀၀၉ ခုနှစ်က လွတ်လပ်တဲ့ အာရှအသံ RFA ဟာ ဆု တံဆိပ် ၇ ခုနဲ့ ရရှိခဲ့ပါတယ်။ RFA မြန်မာဌာနက နာဂစ်မုန်တိုင်းသတင်း အဆက်မပြတ် သတင်းတင်ပြမှုနဲ့ Best Ongoing News Story အဖြစ် အကောင်းဆုံး ရွှေတံဆိပ် ရခဲ့ပါတယ်။
ဒီဆုအကြောင်း ကိုယ်တိုင် တက်ရောက်ယူခဲ့တဲ့ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
| ကမ္ဘာ့ အကောင်းဆုံး ရေဒီယို အစီအစဉ်ဆု |
|
| အသံဖိုင်ယူရန် |









