ရခိုင်စစ်ပွဲကြောင့် ဒုက္ခသည်တိုးပွား


2016.05.06
rakhine-refugees-620.jpg ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် မေလ ၅ ရက်နေ့က ကျောက်တော်မြို့နယ်ကို ထွက်ပြေးတိမ်းရှောင်လာ သူတွေကို တွေ့ရစဉ်
.

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ AA တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် ဟာ ဒီနေ့အထိ ၁၈ဝဝ ကျော်လောက် ရှိလာနေပါတယ်။

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့အပတ်က ဒုက္ခသည်အရေအတွက် ရာဂဏန်းလောက်သာရှိခဲ့ရာကနေ မနေ့ကအထိ ၄ဝဝ လောက်ရှိလာကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

"စစ်ပြေးဒုက္ခသည်တွေဆီကို ကျနော်တို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကသွားတဲ့အခါမှာ ပညာဝကျေးရွာ မှာ မိသားစု ၁၃ စု ၆၁ ယောက်ရှိပါတယ်၊ အခုကျနော်တို့ မနေ့ကတစ်ခါသွားလိုက်တော့ နဂို ၆၁ ယောက်ကနေပြီးတော့ လူဦးရေ ၁၅၆ ယောက်အထိ တိုးလာပါတယ်၊ နောက်ထပ် တစ်ရာကျော် တိုးလာတဲ့ဥစ္စာကတော့ သရက်ကိုင်းဆိုတဲ့ ပညာဝ အထက်ရွာမှာနေပြီ တိုးလာပါတယ်ခင်ဗျ၊ ငစရိုင်းကိုင်းဆိုတဲ့ ဒီကျေးရွာကျတော့ ၂ဝ၄ ယောက် ပထမရှိတော့ မနေ့က ရောက်နေတဲ့အချိန်မှာပဲ ကျနော်တို့ ဂင်ပိကျေးရွာဆိုတဲ့ ကျေးရွာကနေ ပြောင်းရွှေ့လာတဲ့လူတွေ ကို တွေ့ပါတယ်"

စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ဘူးသီးတောင်မြို့နယ်မှာ ၅ဝဝ၊ ရသေ့တောင်မြို့နယ်မှာ ၆ဝဝ နီးပါး၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၄ဝဝ နီးပါးနဲ့ ကျောက်တော်မြို့နယ်မှာ ၄ဝဝ လောက် စုစုပေါင်း ၁၈ဝဝ ကျော်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။