မြန်မာ့တပ်မတော်နဲ့အစိုးရကို အရေးယူပေးဖို့ AA တောင်းဆို

2020-02-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်က စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်ပြီး မြန်မာ့တပ်မတော်ရဲ့လုပ်ရပ်တွေကို တားမြစ်အရေးယူပေးဖို့  နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေကို ရခိုင့်တပ်တော် AA က ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အလားတူ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဖို့နဲ့ အင်တာနက်ပြန်ဖွင့်ပေးဖို့၊ ကလေးတွေနဲ့ပြည်သူတွေကို ကာကွယ်ပေးဖို့ ၊ အမေရိကန်သံရုံး၊ ဗြိတိန်သံရုံးနဲ့ ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့တွေကလည်း တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်သူတွေကို အကာအကွယ်ပေးနေတဲ့အဖွဲ့ကို AA က အခုလို စွပ်စွဲတာဟာ သူတို့ရဲ့စိတ်ဓာတ်ကို မှန်းကြည့်လို့ရတယ်လို့ မြန်မာ့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တုံ့ပြန်ပါတယ်။

NLD အစိုးရအနေနဲ့လည်း တပ်မတော်နဲ့ပေါင်းပြီး လူ့အခွင့်အရေးချိုးဖောက်နေတာမဟုတ်ဘူးလို့ ပါတီပြောခွင့်ရသူက တုံ့ပြန်ပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့