ဂုတ်တွင်းတံတားကို ငါးရက်အတွင်း ပြင်ဆင်သွားမယ်လို့ အစိုးရ ထုတ်ပြန်
မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတဲ့ ဂုတ်တွင်းတံတားကို ငါးရက်အတွင်း နှစ်လမ်းသွား ဘေလီတံတား ပြန်တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
-
2019-08-16 -
-
-
Your browser doesn’t support HTML5 audio
မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတဲ့ ဂုတ်တွင်းတံတားကို ငါးရက်အတွင်း နှစ်လမ်းသွား ဘေလီတံတား ပြန်တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။
မနေ့က နောင်ချိုမြို့ ဂုတ်တွင်းတံတားအနားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ အဲဒီတံတား ပျက်စီးသွားတဲ့အတွက် မန္တလေးကနေ လားရှိုး-မူဆယ်မြို့ကို သွားလာတဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ လမ်းဖြစ်တာမို့ ခရီးသွားတွေနဲ့ ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက်နေပါတယ်။
ဒ့ါကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တံတားတည်ဆောက်ရေး အထူးအဖွဲ့တွေက ပြန်တည်ဆောက်မှာဖြစ်ပါတယ်။
တံတားပြန်ဆောက်ဖို့အတွက် လိုအပ်တဲ့ တံတားသံဘောင်ဘေလီတွေကို မနေ့ညနေပိုင်းကစပြီး ပေးပို့နေတယ် လို့လည်း သိရပါတယ်။
တံတားပြန်လည်တည်ဆောက်မယ့် ကိစ္စနဲ့ပတ်သက်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်ခဲ့ပေ မယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
မနေ့က တပ်မတော်နဲ့ AA, MNDAA , TNLA ပေါင်းထားတဲ့ မဟာမိတ် ၃ ဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)