တပ်မတော်ထိုးစစ် အမြန်ဆုံးရပ်ဖို့ လက်နက်ကိုင်သုံးဖွဲ့ တောင်းဆို
မြန်မာပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ AA၊ TNLA နဲ့ MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
-
2019-08-12 -
-
-
Your browser doesn’t support HTML5 audio
မြန်မာပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့ AA၊ TNLA နဲ့ MNDAA စတဲ့ ညီနောင်သုံးဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ရက္ခိုင့်တပ်တော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ MNDAA စတဲ့ ညီနောင်သုံးဖွဲ့က မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်က ထိုးစစ်ဆင်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
အစိုးရတပ်မတော်က ထိုးစစ်ဆင်နေတာကြောင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲနေပြီး ရှေဆက်ဆောင်ရွက်နိုင်ဖို့အတွက် ထိုးစစ်တွေရပ်ဖို့ အခုလိုတောင်းဆိုတာလို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်ပက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ဆက်သွယ်မေးမြန်းရာမှာတော့
တပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ကို နည်းလမ်းပေါင်းစုံနဲ့ အပြင်းအထန် ချေမှုန်းတိုက်ခိုက်နေသလို့ စစ်ရာဇဝတ်မှုမြောက်တဲ့ ကိစ္စတွေကိုကျူးလွန်နေတာကြောင့် အပြစ်မဲ့ပြည်သူ ရာနဲ့ချီ သေဆုံးခဲ့ရသလို့ ခြောက်သောင်းကျော်တဲ့ ရခိုင်ဒေသခံတွေဟာလည်း စစ်ဘေးဒုက္ခသည်ဖြစ်နေတယ်လို့ သဘောထားထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင်မှာ တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဟာ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာပြီး တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေ ပိုမိုကျယ်ပြန့်လာတယ်လို့လည်း ပါရှိပါတယ်။
အလားတူ ကိုးကန့်နဲ့ တအာင်းဒေသတွေမှာလည်း တပ်မတော်က စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေပြီး မဟာမိတ်တပ်ဖွဲ့တွေကို စစ်ရေးအရ ကန့်သတ်ဖိနှိပ်မှုတွေအမျိုးမျိုးကို ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တပ်မတော်က တစ်ဖက်သတ်အပစ်ရပ်စဲရေး စစ်တိုင်း ငါးခုမှာ ကြေညာထားပေမယ့် ရှမ်းပြည်မြောက်ပိုင်းမှာ TNLA၊ MNDAA နဲ့ SSPP စတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။
တွေဆုံညှိနှိုင်း အဖြေရှာတာမလုပ်ရင် တိုက်ပွဲတွေထပ်ဖြစ်နိုင်တဲ့တယ်လို့ တိုင်းရင်းသားရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။
"ထိုးစစ်တွေ လုပ်နေတယ်လို့ သူတို့ဘက်က စွပ်စွဲတာပေါ့၊ တပ်ဘက်ကလည်း ဟိုဘက်က အလွန်လိ့ုပြောတာပေါ့ ၊ ဒီလိုအခြေအနေမျိုးမှာ တိုက်ပွဲတွေဖြစ်လာရင် တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်စွပ်စွဲကြပါတယ်၊ ဒါပေမဲ့ တွေ့ဆုံညှိနှိုင်းဖြေရှင်းမှုမရှိရင်တော့ ဒီကြေညာချက်အလိုအရ သူတို့အနေနဲ့ စစ်ဆင်ရေးပြန်ပြီးတော့ ဆင်နွှဲပြီး အစိုးကိုပြန်တိုက်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးဆောင်တယ်လို့ ထင်ပါတယ်"
တပ်မတော်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ၊ လူမျိုးရေးအမုန်းတရားတွေကို အခြေခံပြီး မိမိတို့လူမျိုးတွေအပေါ် ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးနေတာ၊ သတ်ဖြတ်နေတာတွေဟာ နှစ်ဘက်ယုံကြည်မှုတွေ ပျက်ပြားစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြန့်ကြာစေနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
အစိုးရတပ်မတော်က အဆိုပြုထားတဲ့ ပဏာမ အပစ်ရပ်စဲရေးစာချုပ်မူကြမ်းကို ဆွေးနွေးဖို့ တရုတ်နိုင်ငံနဲ့ FPNCC အဖွဲ့တွေ အကူအညီနဲ့ တွေဆုံဖို့ကြိုးစားနေပေမယ့် တွေ့ဆုံမယ့်နေရာအခက်အခဲကြောင့် မတွေ့နိုင်သေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်ခင်ဗျာ။