ABSDF နဲ့ ALP အဖွဲ့ဝင်တချို့ဖမ်းဆီး ခံထားရတဲ့ကိစ္စ အဖွဲ့ ၈ ဖွဲ့ ဆွေးနွေး မည်

2017-01-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီး  ခွန်ဥက္ကာ ကို တွေ့ရစဉ်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ရစဉ်
Photo: RFA

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင်တချို့ ဖမ်းဆီးထိန်းသိမ်းခံထားရတာနဲ့ ပတ်သက်ပြီး NCA လက် မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေ အရေးပေါ်အစည်းအဝေးကျင်းပမယ်လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီေဆွးနွေးပွဲအပြီးမှာ တပ်မတော်၊ အစိုးရဘက်တို့နဲ့ လိုအပ်သလို ဆက်လက်ဆွေးနွေးမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

"ကျနော်တို့ ၈ ဖွဲ့ အချင်းချင်းညှိပြီးတော့ ဒီလိုဖြစ်တဲ့ကိစ္စတွေကို ဘယ်လိုရှင်းလင်းမလဲပေါ့။ နောက်ပြီးတော့ အခါကျတော့ ဒီလာမယ့် ၂၀၁၇ အတွက် လုပ်ငန်းစီမံချက်တွေပေါ့ဗျာ။ အဲဒါတွေလည်းပါမှာပေါ့။ ပြီးတဲ့အခါ ကျတော့ ကျနော်တို့ အချင်းချင်းပြီးတော့ ရတဲ့အခါကျမှ လိုအပ်သလိုပေါ့ တပ်မတော်ဘက်၊ အစိုးရဘက်ကို ဆက်လက်ဆွေးနွေးသွားမှာပါ။"

အစည်းအဝေးကို ထိုင်းနိုင်ငံ မဲဆောက်မြို့ ဒါမှမဟုတ် ချင်းမိုင်မြို့မှာကျင်းပဖို့ လျာထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေဖြစ်တဲ့ ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) က ဒုတိယဗိုလ်မှူးကြီးတစ်ဦးနဲ့ စီးပွားရေးတာဝန်ခံတစ်ဦးကို AK-47 သေနတ် ၁၉ လက်နဲ့အတူ ဘားအံမြို့မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ABSDF က ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းဌေးကို ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးထားပါတယ်။

ကွန်မင့်များ (3)
Share

ဦးဘ၀င္‌း

မြန်‌မာပြည်‌ရှိဖြစ်‌စဉ်‌အများစုကို‌လေ့လာကြည်‌့ရာတွင်‌ ဖမ်‌းဆီးသည်‌ ထိန်‌းသိမ်‌းခံရသည်‌ ခွင်‌့မပြုဖူး စသည်‌့ အကျိုးများကိုသာ‌ပြော‌လေ့ရှိပီး ယင်‌းအကျိုးကို ဖြစ်‌‌စေသည်‌့အ‌ကြောင်‌းတရားများကို
အ‌လေး‌ပေးမူ‌ထောက်‌ပြမူ အာနဲ‌နေခြင်‌း တို့ဖြစ်‌‌နေသည်‌ကို‌တွေ့ရပါသည်‌။

တနည်‌းအားဖြင်‌့ ဘာ‌ကြောင်‌့ဖမ်‌ဆီးသည်‌။ဘာ‌ကြောင်‌့ထိန်‌းသိမ်‌းခံရသည်‌။ဘာ‌ကြောင်‌့ခွင်‌့မပြုသည်‌စသည်‌့ အ‌ခြေခံအဓိကအ‌ကြောင်‌းကို
မ‌ဖော်‌ပြကြပါ။

မည်‌သည်‌့ကိတ်‌စဖြစ်‌‌စေ တည်‌ဆဲဥပ‌ဒေစည်‌းမျဉ်‌းများနှင်‌့ကိုက်‌ညီ
သည်‌့ အ‌ကြောင်‌းတရားများဖြစ်‌ပါက ထိန်‌းသိမ်‌းခြင်‌း ဖမ်‌းဆီးခြင်‌း
ခွင်‌့မပြုခြင်‌းများ ရှိလိမ်‌့မည်‌မဟုတ်‌ဟု ယုံကြည်‌မိပါသည်‌။

ဒါ‌ကြောင်‌့ ဒီမိုက‌ရေစီအ‌လေ့အကျင်‌့ဆိုသည်‌မှာ ဥပ‌ဒေ‌ဘောင်‌
အတွင်‌း ပြုမူ လုပ်‌‌ဆောင်‌‌နေထိုင်‌ခြင်‌း တနည်‌းအားဖြင်‌့
ဥပ‌ဒေစည်‌းမျဉ်‌းစည်‌းကမ်‌းများအတိုင်‌း ကျင်‌ကြံလုပ်‌‌ဆောင်‌‌‌နေ
ထိုင်‌ခြင်‌းဟုဖွင့်ဆိုထားသည်‌ဟုနားလည်‌မိပါသည်‌။

Jan 05, 2017 03:22 AM

ယံုၾကည္မူဆိုသည္မွာ

ယုံကြည်မူဆိုသည်မှာ ပွင့်လင်းမြင်သာမူရှိမူ တာဝန်ခံမူရှိမူ
ရိုးသားမူရှိမူ နှင့် တည်ဆဲဥပဒေများကိုလေးစား
လိုက်နာခြင်းရှိမူစသည့်
အချက်တို့အပေါ်တွင် အခြေခံ သည်ဟုနားလည်ပါသည်။

အကယ်၍သာလက်မှတ်ထိုးထား သည့် အဖွဲ့ဝင်များသည်ယင်းတို့ လုပ်ဆောင်လိုသည်များကို အစိုးရတပ်မတော်အား ပွင့်လင်း စွာတင်ပြဆောင်ရွက်ပါလျှင် ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို ရှင်းလင်းစွာသိရပြီးမလိုလားအပ်သည့် ကိတ်စများလည်းဖြစ်လာ မည်မဟုတ်ပါ။

ယခုလို ပွင့်လင်းမြင်သာမူ အားနဲသည့် အတွက် အခြားတွေးတောစရာ
များစွာကိုဖြစ်စေပါသည်။

ယုံကြည်မူအားကောင်းစေရန်
ပွင့်လင်းမြင်သာမူရှိကြပါစေ။

Jan 04, 2017 10:13 PM


NCA လက်‌မှတ်‌‌ရေးထိုးထားသည်‌့အဖွဲ့များအ‌နေဖြင့် အစိုးရ၏တရားဥပ‌ဒေစိုးမိုး‌ရေးအရ‌ဆောင်‌ရွက်‌သည်‌့ကိတ်‌စများကို
ငြိမ်‌းချမ်‌း‌ရေးဖြစ်‌စဉ်‌နှင်‌့မ‌ရော‌ထွေးဖို့လိုအပ်‌ပါသည်‌။

ဖြစ်‌စဉ်‌ကိုကြည်‌ရလျှင်‌ မတရားမဝင်‌လက်‌နက်‌ကိုင်‌‌ဆောင်‌မူ၊
သယ်‌‌ဆောင်‌မူ နှင်‌့ မတရားအသင်‌းနှင်‌့ဆက်‌သွယ်‌မူတို့‌‌ကြောင်‌့ဟုသုံးသတ်‌ရပါသည်‌။

တရားဥပ‌ဒေ‌ဘောင်‌အတွင်‌းဝင်‌‌ရောက်‌ကာ အစိုးရနှင်‌့ပူး‌ပေါင်‌းလက်‌ တွဲ‌ဆောင်‌ရွက်‌‌နေသည်‌့ အဖွဲ့များဖြစ်‌သည်‌့အတွက်‌ဖြစ်‌စဉ်‌အမှန်‌‌ပေါ်လာပါကလည်‌း တရားဥပ‌ဒေ၏အဆုံးအဖြတ်‌ကိုလိုက်‌နာမည်‌ဟု
ယုံကြည်‌ပါသည်‌။


NCAလက်‌မှတ်‌ထိုးထားလို့အခွင်‌့အ‌ရေးတရပ်‌အ‌နေဖြင်‌့လည်‌း မယူသင်‌့‌ကြောင်‌းနှင်‌့ ယင်‌းအဖွဲ့များမှစံပြဥပ‌ဒေကို‌လေးစားလိုက်‌နာ
သည်‌့အဖွဲ့မျာအဖြစ်‌ပြသရန်‌အကြံပြုလိုပါသည်‌။

ယင်‌းမှသာပြည်‌သူများ‌‌တောင်‌းတ‌ပြောဆို‌နေသည်‌့တရားဥပ‌ဒေ
စိုးမိုး‌‌ရေးများအား‌ကောင်‌းလာမည်‌ဖြစ်‌ပါသည်‌။

မှန်‌ကန်‌စွာဆုံးဖြတ်‌နိုင်‌ပါ‌စေ။

Jan 04, 2017 08:04 PM

ဆိုက်တခုလုံးသို့