အာဆီယံ အမျိုးသမီးဘောလုံး ဗိုလ်လုပွဲ ထိုင်းက မြန်မာကို ၃ -၂ နဲ့ နိုင်


2015.05.10
myanmar-thai-305.jpg ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ မေလ ၁ဝ ရက်နေ့က မြန်မာ အမျိုးသမီးအသင်း(အနီ)နဲ့ ထိုင်းအမျိုးသမီးအသင်း(အပြာ)တို့ ယှဉ်ပြိုင်ကစားကြစဉ်
Photo: Myanmar Football Federation

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ မှာ မနေ့ညက ကျင်းပတဲ့ အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လု ပွဲမှာ မြန်မာအသင်းကို ထိုင်းအသင်းက ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွားပါတယ်။  ထိုင်းအမျိုးသမီးအသင်းနည်းပြက ဒါဟာ နောက်လကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ အတွက် အားဆေးတစ်ခွက်ပဲလို့ ပြောပါတယ်။

မနေ့ကပြိုင်ပွဲမှာ ထိုင်းအသင်းက အကောင်းဆုံးကစား သမားတွေကို အကုန်ထုတ်သုံးပြီး ခြေကုန်ကစားသွား တယ်လို့ ဆိုပါတယ်။ မြန်မာဝန်ကြီး ဦးရဲထွဋ် ကတော့ မြန်မာ အမျိုးသမီးအသင်းအနေနဲ့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ ကိုယ့်ထက်ခြေစွမ်းသာသူကိုရှုံးခဲ့ တယ်လို့ ရှုမြင်ကြောင်း အင်တာနက် ဖေ့စ်ဘုတ် မှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။