တရားဥပဒေစိုးမိုးရေးအတွက် အလုံမြို့နယ်မှာ ဆန္ဒပြတောင်းဆို

2019-01-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်တိုင်း အလုံမြို့နယ်မှာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တရားဥပဒေစိုးမိုးရေးအတွက် ဆန္ဒပြခဲ့စဉ်
ရန်ကုန်တိုင်း အလုံမြို့နယ်မှာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တရားဥပဒေစိုးမိုးရေးအတွက် ဆန္ဒပြခဲ့စဉ်
Photo: Thant Zin Oo/RFA

ရန်ကုန်တိုင်း အလုံမြို့နယ်က ဒေသခံတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၅၀ ခန့်ဟာ တရားဥပဒေ စိုးမိုးပြီး ပြည်သူတွေဘဝ လုံခြုံမှုရှိစေဖို့အတွက် အလုံမြို့နယ်မှာ ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

အလုံမြို့နယ် သစ်တောလမ်းနဲ့ ငုဝါလမ်းထောင့်ကနေ အလုံမြို့နယ် ရဲစခန်းအထိ လမ်းလျှောက်ချီတက်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေက တရားဥပဒေမစိုးမိုးရေးနှင့် ပြည်သူ့ဘဝလုံခြုံရေး၊ ကျောသားရင်သား ခွဲခြားနေတဲ့ဥပဒေ အလိုမရှိကြောင်းနဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်နေတဲ့ ရဲဝန်ထမ်းတွေကို ပွင့်လင်းမြင်သာစွာ အရေးယူပေးရေး စတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့