လိုင်စင်သိမ်းခံထားရတဲ့ ရှေ့နေတွေအရေး ပြန်စဉ်းစားဖု့ိ ALRC တိုက်တွန်း

တရားလွှတ်တော်ရှေ့နေများနဲ့ အထက်တန်းရှေ့နေတချို့ လိုင်စင်ရုပ်သိမ်းခံရတာနဲ့ပတ်သက်လို့ ပြန်လည် စဉ်းစားသုံးသပ်ဖို့ အာရှ ဥပဒေ အရင်းအမြစ်ပင်မဌာန ALRC က မြန်မာနိုင်ငံ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးဆီကို ဒီကနေ့ အိတ်ဖွင့်ပေးစာ ပို့လိုက်ပါတယ်။

2011.12.22

အဲဒီ အိတ်ဖွင့်ပေးစာမှာ လိုင်စင်ရုပ်သိမ်းခံရတဲ့ရှေ့နေ ၃၂ ဦးရဲ့ အမှုတွေနဲ့ပတ်သက်လို့ တင်ပြထားတယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦးက ပြောပါတယ်။

လိုင်စင်ရုပ်သိမ်းခံရတဲ့ ရှေ့နေတွေရဲ့ အမှုတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်နေပြီး ချမှတ်ထားတဲ့ ပြစ်ဒဏ် အားလုံးကိုလည်း အဲဒီရှေ့နေတွေ ခံစားရပြီးသားလို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်ဖြစ်တဲ့ ရှေ့နေလိုက်ခွင့် လိုင်စင်ကိုပါ ပိတ်ပင်ထားတာဟာ ပြစ်ဒဏ် နှစ်ဆပေးတဲ့သဘော ဖြစ်နေတဲ့အတွက် ပြန်လည် သုံးသပ်စဉ်းစားပြီး လိုင်စင်ပြန်ပေးဖို့ အိတ်ဖွင့်ပေးစာမှာ တရားသူကြီးချုပ်ကို အာရှ ဥပဒေအရင်းအမြစ်ပင်မဌာနက တိုက်တွန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။