AA ကို ချေမှုန်းဖို့ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား


2019.01.18
army-press-622.jpg နေပြည်တော်က တပ်မတော်စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တွေရစဉ်
Photo: Win Ko Ko Latt/RFA

ရက္ခိုင့်တပ်မတော် AA ကို အကြမ်းဖက် သောင်းကျန်းသူအဖြစ် ပြတ်ပြတ်သားသားချေမှုန်းဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်က တပ်မတော်စစ်သမိုင်းပြတိုက်မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောကြားလိုက်တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ … ARSA ကို ဘာသာခြားမို့ ချေမှုန်းပြီး AA ကို တိုင်းရင်းသားမို့ မချေမှုန်းတာလားဆိုပြီး လက်ညှိုးထိုးစရာ ဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့လည်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် AA အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကနေ တွေ့ဆုံဆွေးနွေးဖို့ဆိုရင် အခုရပ်တည်နေတဲ့  ကွန်ဖက်ဒရိတ် Confederate လမ်းကြောင်းဟာ အစိုးရနဲ့ မြန်မာ့တပ်မတော်ကသွားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု လမ်းကြောင်းနဲ့ ကွဲလွဲနေတာကြောင့် AA အဖွဲ့ရဲ့ အယူအဆနဲ့ လုပ်ကိုင်ပုံတွေကို ပြောင်းလည်းဖို့ လိုကြောင်းလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။