တပ်မတော်နဲ့ အစိုးရဝန်ထမ်းတွေကို ထောက်ခံပွဲ ကျင်းပ
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ အစိုးရဝန်ထမ်းတွေအပေါ် ထောက်ခံဟောပြောပွဲ ကို ထောင်နဲ့ချီတဲ့ ဒေသခံတွေက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
-
2017-11-12 -
-
-
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ အစိုးရဝန်ထမ်းတွေအပေါ် ထောက်ခံဟောပြောပွဲကို ထောင်နဲ့ချီတဲ့ ဒေသခံတွေက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
တိုင်းပြည်နဲ့ လူမျိုးအကျိုးကိုကြည့်ပြီး အနောက်နိုင်ငံတွေရဲ့ ပြောဆိုမှုတွေအပေါ် ကြံ့ကြံ့ခံကာ တိုင်းပြည်နဲ့ လူမျိုးအပေါ်သစ္စာမဖောက်တဲ့ တပ်မတော်ကို ထောက်ခံကြောင်း ဟောပြောပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က ပြောပါတယ်။
နိုင်ငံတကာက တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ အပေါ် နိုင်ငံတော်သမ္မတအနေနဲ့ ကန့်ကွက်ပေးဖို့လည်း ဦးလှဆွေက ပြောခဲ့ပါတယ်။
ဦးလှဆွေအပြင် အမတ်ဒိန်၊ ဦးသုစိတ္တ (ရဲကျောင်း)တို့ကလည်း ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေ အပေါ် ထောက်ခံအားပေးကြောင်း ဟောပြောခဲ့ကြပါတယ်။
အလားတူ ထောက်ခံပွဲကို ပြီးခဲ့တဲ့အောက်တိုဘာလက ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ ကျင်းပခဲ့ပါတယ်။