မြန်မာစစ်ကောင်စီအပေါ် အာဆီယံဝေဖန်မှု ပျော့ပျောင်း

မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဒီနေ့ကျင်းပပြီးစီးသွားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်ချက်နဲ့ ပြစ်တင်ရှုတ်ချလိုက်ပေမယ့် နိုင်ငံတော်တော်များများ မျှော် လင့်ထားသလိုမဟုတ်ဘဲ အားပျော့နေတယ်လို့ AP သတင်းမှာ ဒီနေ့လယ်က ဖော်ပြပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှု အနည်း အကျဉ်းပဲ တွေ့ရတဲ့အတွက် အလွန်စိတ်ပျက်မိသလို၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အတိုက်အခံ လေးဦးကို ကွပ်မျက်လိုက်တဲ့လုပ်ရပ်အပါအဝင် ရှည်ကြာနေတဲ့ နိုင်ငံရေးအကျပ်အတည်းကို စိုးရိမ်ပူပန်တယ်လို့ပဲ ထုတ်ပြန်ပါတယ်။

အစည်းအဝေးအပြီးထုတ်ပြန်မယ့် ကြေညာချက်မှာ ထည့်သွင်းဖော်ပြဖို့ မလေးရှား၊ စင်္ကာပူနဲ့ တခြား အသင်းဝင်နိုင်ငံတချို့က အဆိုပြုထားတဲ့ ပြင်းထန်တဲ့စကားလုံးတွေကို မြန်မာစစ်ကောင်စီ ဘက်က သံအရာရှိတစ်ဦးက ကန့်ကွက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တစ်ဦးရဲ့ ပြောဆို ချက်ကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ ကနဦးဆွေးနွေးပွဲတွေမှာ အဲဒီသံအရာရှိတက်ခွင့်ရ နေတာ ဖြစ်ပါတယ်။

မြန်မာ့အရေးအတွက် ထုတ်ပြန်မယ့် ကြေညာချက်မှာ အသင်းဝင်နိုင်ငံတွေကြား မတူကွဲပြား တာတွေ ရှိနေတဲ့အတွက် မနေ့ကအစည်းအဝေးဟာ တစ်နေကုန်နီးပါး ကြာရှည်ခဲ့တယ်လို့ အဲဒီသံအရာရှိက ပြောပါတယ်။

(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ပါ မြန်မာ နိုင်ငံရေးကိစ္စနဲ့ပတ်သက်တဲ့ စာပိုဒ်အပေါ် လက်မခံပယ်ချတယ်လို့ စစ်ကောင်စီ နိုင်ငံခြား ရေးဝန်ကြီးဌာနက သြဂုတ်လ ၅ ရက်၊ မနေ့က ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။