Global Vision ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Asia Society အဖွဲ့ကြီးက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ရဲ့အမြင့်ဆုံး Global Vision ဂုဏ်ထူးဆောင်ဆုကို ဗုဒ္ဓဟူးနေ့ညက ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

2012-01-11
Share

အာရှနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိကြတဲ့ ပြည်သူတွေ၊ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန် နားလည်မှု ရရှိရေး ဆောင်ကြဉ်းနိုင်ခဲ့သူ နှစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်၊ Asia Society အဖွဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်တဲ့ John Whitehead တို့ကို ဒီဆု ချီးမြှင့်လိုက်တာပါ။

နှစ်လည် ဆုပေးပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့လိုက်တဲ့ ဆုလက်ခံကြောင်း ဗီဒီယို သဝဏ်လွှာကို ပြသပါတယ်။

ဗီဒီယို သဝဏ်လွှာနဲ့ ပတ်သက်ပြီး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မစ္စတာဂျက်ဖ် စပင်ဆာက ဒီမိုကရေစီရေး အတွက် ပြည်သူတွေ အတွက် နှစ်ရှည်လများ ကြံ့ကြံ့ခံပြီး ကြိုးပမ်းခဲ့တာတွေ၊ ပိုမို ပွင့်လင်း ကောင်းမွန်တဲ့ နိုင်ငံ ဖြစ်လာဖို့ အစိုးရနဲ့ အဖြေရှာနေတာတွေ အတွက် ဒီဆုကို ပေးအပ်ကြောင်း၊ ရန်ကုန်မြို့မှာ သွားရောက် အကြောင်းကြားခဲ့တဲ့ Asia Society ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေက ဗီဒီယို ရိုက်ကူးခဲ့တာလို့ ပြောပါတယ်။

Asia Society အဖွဲ့ ဒု ဥက္ကဋ္ဌ ဆူဇန် ဒီမက်ဂျီယို ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာအစိုးရ အဖွဲ့ဝင်တွေ၊ တခြား နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ကိုင်နိုင်မယ့် ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့