လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

`ရက်ပေါင်း (၁၀၀) ကျော်လာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်လောက်အထိ အပြောင်းအလဲ ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိတယ် ဆိုတာကို အခုထိ ခန့်မှန်းလို့ မရသေးပါဘူး။

2011.07.15
assk_pagan_trip2_305_z.jpg ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ် အတွင်း ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကြိုဆိုနှုတ်ဆက်ကြတဲ့ ဒေသခံတွေကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်နှုတ်ဆက်နေပုံ။ ဓါတ်ပုံ - Yonhap News
Yonhap News

ရက်(၁၀၀) ဆိုတာ သိပ်ကြာလှတဲ့ ကာလ မဟုတ်ပေမယ့် တကယ် လုပ်ချင်ရင်တော့ သိသာအောင်လို့ လုပ်နိုင်တာတွေ ရှိပါတယ်။ လုပ်သင့် လုပ်ထိုက်တာတွေကို အမြန်ဆုံးလုပ်တာဟာ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။

အဲဒီလို လုပ်ကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်` လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ဂျပန်နိုင်ငံက နော်အယ်မူးနဲ့ ဦးမျိုးဇော်၊ ပြင်သစ်နိုင်ငံက ကိုထင်ကျော်၊ ထိုင်းနိုင်ငံက အရှင်နေမိန္ဒနဲ့ မသစ္စာ ၊ ရန်ကုန်တိုင်း ခရမ်းသုံးခွက ဒေါ်ပြုံးတို့ (၆) ဦးရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဒီတပတ်မှာ ပြန်လည် ဖြေကြားထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။