ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင်တွေ အနှစ် ၂၀ ကျော်မှာ ပထမဆုံး ပြန်တွေ့

အနှစ်နှစ်ဆယ်ကျော် ကင်းကွာနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ မနေ့ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ပထမဆုံး အကြိမ် ပြန်လည် တွေ့ဆုံခဲ့ကြပါတယ်။

2012-01-25
Share
assk-88-meet-b305 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံနေကြစဉ်။
RFA

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေးတို့ ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင် ၉ ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြတာပါ။

နှစ်ဦးနှစ်ဘက် မတွေ့ကြရတဲ့ကာလ အတွင်း အတွေ့အကြုံတွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ညစာ အတူ စားခဲ့ကြပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ဝန်းရံ ကူညီသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်နဲ့ ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။