နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဦးစားပေး လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးကို မိမိ အလေးပေး ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

2012.01.05

ဒါ့အပြင် မိသားစုတွေကိုလည်း အားပေးစကား ပြောဆိုခဲ့ပါတယ်။

နယ်ဝေး အကျဉ်းထောင် အသီးသီးမှာ ထိန်းသိမ်းခံထားရတဲ့ ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင်တချို့ရဲ့ မိသားစုဝင်တွေက ရင်ဆိုင် တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တင်ပြခဲ့တာပါ။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ဗန်းမော်အကျဉ်းထောင်မှာ နှစ်ပေါင်း ၆၀ ကျော် ထိန်းသိမ်းခံထားရတဲ့ ၈၈ မျိူးဆက် ကျောင်းသားအဖွဲ့ဝင် ကိုပဏ္ဍိတ်ထွန်းရဲ့မိခင် ဒေါ်ညွန့်ညွန့်ဦးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။