ဒေါ်အောင်ဆန်းစုကြည်ကို ဘာနာဇီယာဘူတို ဒီမိုကရေစီဆု ချီးမြှင့်

ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ အနစ်နာခံ ကြိုးပမ်းမှု အတွက် ပါကစ္စတန် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဘာနာဇီယာဘူတို ဒီမိုကရေစီဆု ဒီကနေ့ ချီးမြှင့်လိုက်ပါတယ်။ ဒီဆုဟာ လုပ်ကြံ သတ်ဖြတ်ခံရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ် ဘာနာဇီယာဘူတို အထိမ်းအမှတ် အဖြစ် ချီးမြှင့်တဲ့ ဆုပါ။

2012.01.25
assk-buto-award-b305 မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ပါကစ္စတန် သမ္မတကြီး အာဆစ်အလီ ဇာဒါရီက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြင့်တဲ့ ဘာနာဇီယာဘူတို ဒီမိုကရေစီဆုကို သမ္မတကြီးရဲ့ သမီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာပဲ သတင်းထောက်များရဲ့ ရှေ့မှာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။
RFA

မြန်မာနိုင်ငံမှာ ၂ ရက်ကြာ ရောက်နေတဲ့ ပါကစ္စတန် သမ္မတ အာဆစ်အလီ ဇာဒါရီဟာ ဒီကနေ့ နေ့လယ်ပိုင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောပြပါတယ်။

သမ္မတကြီးနဲ့အတူ သားနဲ့သမီး ပါလာကြောင်း၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မိနစ် ငါးဆယ်လောက် ဆွေးနွေးကြောင်း၊ အဲဒီနောက် အိမ်အပြင် သတင်းထောက်တွေ ရှေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဘာနာဇီယာဘူတို ဆုတံဆိပ်ကို သမ္မတကြီးရဲ့ သမီးက ဆွဲပေးကြောင်း သိရပါတယ်။

ပါကစ္စတန် သမ္မတ ဇာဒါရီဟာ မနေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့ပါတယ်။

ပါကစ္စတန် ရေနံဝန်ကြီးကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ အပါအဝင် မြန်မာနဲ့ ပါကစ္စတန် နိုင်ငံတို့ အကြား ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စတွေကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေးမှာ အခွန်ကောက်ယူမှု လျှော့ချရေးနဲ့ နှစ်နိုင်ငံ ဗဟိုဘဏ်တွေ အကြား ငွေကြေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်သွားဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ သမ္မတ ဇာဒါရီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ပါကစ္စတန် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံစဉ် ကိုယ်တိုင် ပါဝင်သူ အန်အယ်လ်ဒီ ဗဟိုနာယက အဖွဲ့ခေါင်းဆောင် ဦးတင်ဦးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-25 02:49

RFA still keep censorship on comments.