ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေ နောက်ဆုံး မဲရေတွက်မှုတွေအရ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေကနေ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ကြေညာ လိုက်ပါတယ်။

2012.04.01
nld-victory-b305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ရုံးချုပ်ရှေ့တွင် ပါတီ အောင်နိုင်ပွဲအတွက် ဝမ်းသာပျော်ရွှင်နေကြသော ထောက်ခံအားပေးသူများကို ဧပြီလ ၁ ရက်နေ့ ညပိုင်းတွင် တွေ့ရစဉ်။
RFA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ကိုယ်စားလှယ် မဖြူဖြူသင်း အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မြေ ၆ နေရာလုံး အနိုင်ရရှိပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တော်က လစ်လပ်နေရာ ၄ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးဇေယျာသော်၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်းနဲ့ ဦးမင်းသူတို့ လေးဦးလည်း အနိုင်ရရှိခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ အန်အယ်ဒီ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအုန်းကြိုင်နဲ့ မိထ္ထီလာနယ်မြေက ဦးဝင်းထိန်တို့လည်း အနိုင်ရရှိကြကြောင်း သတင်းရရှိပါတယ်။ အခု သိရသမျှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာ ၄၀ ကျော်မှာ အနိုင်ရရှိထားပါတယ်။

ဒီကနေ့ ရွေးကောက်ပွဲမှာ မဲစာရင်းလွဲချော်မှုတွေကြောင့် ထောင်နဲ့၊ သောင်းနဲ့ချီတဲ့ နိုင်ငံသားတွေ မဲပေးခွင့် ဆုံးရှုံးခဲ့ရသလို၊ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ စည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေလည်းရှိကြောင်း သိရပါတယ်။

မဲမသမာမှုအနေနဲ့ကတော့ မဲစာရွက်တွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့နေရာမှာ ရေးခြစ်လို့ မရအောင် ဖယောင်းတွေ သုတ်ထားတယ်ဆိုတဲ့ ထူးခြားတဲ့ ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး NLD ပါတီက သက်ဆိုင်ရာကို တိုင်ကြားစာ ပို့ထားပြီ ဖြစ်ပါတယ်။

ဒီကနေ့ မဲရေတွက်မှုတွေနဲ့ အနိုင်ရရှိသူစာရင်းတွေ မပြီးဆုံးသေးလို့ရွေးကောက်ပွဲ ကော်မရှင်ကတော့ တရားဝင် အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒီကနေ့ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းပေးပို့ချက် တချို့ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-01 08:48

ပြည်သူ့တပ်မတော်သားတွေ ပြည်သူ့ရဲတွေ ပြည်သူ့ဝန်ထမ်းတွေ အဖြစ် ဆက်လက်ရပ်တည်နေကြတာ တွေ့ရလို့ ပြည်သူသာအမိ ပြည်သူသာ အဖလို့ ခံယူလာကြသူ အားလုံးကို လေးစားပါတယ်ဗျာ။

Anonymous
2012-04-01 08:18

ကျုပ်တို့ အမေစုက မြန်မာပြည်ရဲ့ ဒီမိုကရေစီ လွတ်လပ်ရေး မိခင်ကြီး နဲ့ မြန်မာ့ သမ္မတလောင်းပါဗျာ၊ ဒီလောက်တော့ ပျင်းတောင် ပျင်းသေးတယ်။

Anonymous
2012-04-02 03:05

မခေါ်ပဲသွားခဲ့ပါတယ်.။
မဖိတ်ပဲလည်းပျော်ရွင်ခဲ့ပါတယ်။
အမေ့ရုံးချုပ်ရှေ့မှာမတ်တပ်ရပ်ပြီး
အားပေးအောင်ပွဲခံရတာအချိုမိန်ဆုံးသောအရသာပါ။

Anonymous
2012-04-01 03:14

အမေစု.တို့ ပါတီအားလုံးအနိုင်ရတယ်ဆိုတဲ့သတင်းကြားရတာ အင်မတန်မှ ၀မ်းသာမိပါတယ် .ဖတ်ရတဲ့သတင်းတွေထဲမှာ..အချိုမြိန်ဆုံးနဲ့ အရသာအရှိဆုံးပါပဲ..ကျေးဇူးတင်ပါတယ်