ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး ဆောင်ရွက်မှုတွေကို ထိုင်းဝန်ကြီးချုပ် ထောက်ခံ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်မှာကို ထိုင်းဝန်ကြီးချုပ်က အားပေး ထောက်ခံကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ အမျိုးသမီး Ms. Thitima Chaiisang က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-12-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီးနေအိမ်တွင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပထမဆုံး အကြိမ် တွေ့ဆုံစဉ်။ (ဓာတ်ပုံ - RFA)
ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီးနေအိမ်တွင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပထမဆုံး အကြိမ် တွေ့ဆုံစဉ်။ (ဓာတ်ပုံ - RFA)
RFA

ရန်ကုန်မြို့ထိုင်းသံအမတ်ကြီး နေအိမ်မှာ မနေ့က နှစ်ဦး တွေ့ဆုံ ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထုတ်ဖော် ပြောကြားခဲ့ကြောင်း Ms. Thitima Chaiisang က အာရ်အက်ဖ်အေကို ပြောပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မျှော်လင့်ထားကြောင်းနဲ့ ဒီလို ဖြစ်လာဖို့ဟာ ပြည်သူတွေရဲ့အပေါ်မှာ မူတည်နေကြောင်း ပြောပြတယ်လို့ သူက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလတ်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ကိစ္စ အလေးပေး ပြောဆိုခဲ့တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

ထိုင်းအစိုးရ ပြောခွင့်ရ အမျိုးသမီးနဲ့ အာရ်အက်ဖ်အေက မအင်ကြင်းနိုင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့