ဒီမိုကရေစီအပေါ် သဘောထား ဒေါ်အောင်ဆန်းစုကြည် ဖွင့်ဆို

၁၉၈၈ ခုနှစ် သြဂုတ်လ လူထု လှုပ်ရှားမှုဟာ မြန်မာပြည်သူတွေ အနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ ဆန္ဒပြခဲ့တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်လို့ နယူးဇီးလန်နိုင်ငံမှာ ကျင်းပတဲ့ ၂၃ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ ဗီဒီယို မိန့်ခွန်းမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားစဉ်။ (Photo: AFP) (Photo: AFP)

ကျမတို့ ဒီမိုကရေစီကို စနစ်တခုလို့ မြင်ပါတယ်။ ဒီစနစ်နဲ့သာ ကျမတို့ တိုင်းပြည်မှာရှိတဲ့ ပြဿနာ တွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်တာကြောင့် ဒီမိုကရေစီ စနစ်ကို ကျမတို့ မြန်မာပြည်သူတွေ အားလုံး လိုလားကြတာပါ။ ဒါပေမယ့် ရှစ်လေးလုံး လူထု လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေ အားလုံးဟာ ဒီမိုကရေစီ ဆိုတာ ရာနှုန်းပြည့် ကောင်းမွန်နေတယ်လို့တော့ လက်ခံမထားပါဘူး လို့ပြောသွားတာပါ။

နယူးဇီးလန်နိုင်ငံမှာ ၁၁ ကြိမ်မြောက် ကျင်းပတဲ့ ရှစ်လေးလုံး အခမ်းအနားကို နယူးဇီးလန် နိုင်ငံရေးပါတီတွေ၊ လူမှုရေး အဖွဲ့တွေ အားလုံး စုံစုံညီညီ တက်ရောက်ကြတယ်လို့ အခမ်းအနား ဦးဆောင်စီစဉ် ကျင်းပသူ တဦးဖြစ်တဲ့ ကိုစိုးသိန်းက ပြောပါတယ်။

၂၀၀၀ ခုနှစ် နယူးဇီးလန်နိုင်ငံမှာ ဒုက္ခသည် အဖြစ် စတင်အခြေချ နေထိုင်ခွင့်ရခဲ့တဲ့ မြန်မာ့အရေး လှုပ်ရှားနေသူတွေက ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နယူးဇီးလန်နိုင်ငံမှာ ကျင်းပတဲ့ ၂၃ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ဗီဒီယို မိန့်ခွန်း ကို မအင်ကြင်းနိုင် က တင်ပြမှာ ဖြစ်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org