အိုင်အယ်လ်အို ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို မိန့်ခွန်းပေးပို့
2011.06.13
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် ဂေးရိုက်ဒါ ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လာရောက်တွေ့ဆုံခဲ့သည်။
AFP
ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗါမြို့မှာ ကျင်းပ ပြုလုပ်နေတဲ့ ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ညီလာခံကို ဒီကနေ့ပေးပို့တဲ့ ဗီဒီယို သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားတာပါ။
မြန်မာနိုင်ငံဟာ တချိန်က အောင်မြင် ကြီးပွားမယ့် လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ပြီး၊ အခု အချိန်မှာ ဒေသတွင်း နိုင်ငံအားလုံး နီးပါးရဲ့ နောက်ပါးမှာ ရောက်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။









