ဧရာဝတီမှာ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၇၀၀ ကျော်ရှိ၊ ၁၀ ဦး သေဆုံး


2017.06.14
lashio-dengue-fever-622.jpg သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ဧရာဝတီတိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၀၀ ကျော်ရှိပြီး ၁၀ ဦးသေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။

တစ်တိုင်းလုံးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၁၁ ယောက်ရှိနေပြီး အသက် ၅နှစ်ကနေ ၉နှစ်အရွယ်တွေ အများဆုံးဖြစ်နေတယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။

"များလာတယ်ဆိုတာကတော့ ဒီနှစ် ၂၀၁၇ ခုနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါဟာ ကပ်ရောဂါအသွင် ဖြစ် လာမယ်လို့ ပညာရှင်တွေက ခန့်မှန်းထား ပါတယ် နောက်ဆုံးစာရင်းအရ ၇၁၁ ယောက်ဖြစ်ပါတယ် သေဆုံး သူက ၁၀ ဦးပါ အဖြစ်အများဆုံးအသက်အရွယ်က ၅ နှစ်ကနေ ၉ နှစ်ပါ ဒုတိယအဖြစ်အများဆုံး ကတော့ ၁ နှစ်ကနေ ၄ နှစ်ပါ"

မအူပင်မြို့နယ်က ရောဂါဖြစ်ပွားသူအများဆုံးဖြစ်ပြီး လက်ရှိပြုစုထားတဲ့စာရင်းဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေသူစာရင်း ပါဝင်သလို ဆေးကုသမှုမခံယူ ထားသူအရေအတွက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆေးကုသမှုတွေကို ကြပ်မတ်ဆောင်ရွက်နေပေ မယ့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းတွေကို ပြည်သူတွေက လိုက်နာဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

မနှစ်က တစ်နှစ်လုံးဖြစ်ပွားသူ ဦးရေ ၅၀၀ နီးပါးသာရှိခဲ့ပြီး ဒီနှစ်မှာ မေလနဲ့ ဇွန်လ ၂ လအတွင်းမှာ ၇၀၀ ကျော် ရှိနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။