လွှတ်တော်နဲ့ အစိုးရကို အယုံအကြည်မရှိတဲ့ အတွက် လွှတ်တော်ကိုယ်စားလှယ် နုတ်ထွက်စာတင်


2019.01.16
ayeyarwaddy-parliament-622.jpg ဧရာတီတိုင်းဒေသကြီး လွှတ်တော် ကို တွေ့ရစဉ်
Photo: RFA

လွှတ်တော်မတက်တာ ၅ လကျော်ခန့် ရှိနေပြီဖြစ်တဲ့ ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းဟာ လွှတ်တော်နဲ့ အစိုးရကို အယုံအကြည် မရှိတာကြောင့် လွှတ်တော် ကိုယ်စားလှယ် တာဝန်ကနေ နုတ်ထွက်စာ တင်ထားတယ်ဆိုတာ မှန်ကန်ကြောင်း RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။

ဒေါ်မြင့်မြင့်စန်းဟာ ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် ၂ တိုင်းလွှတ်တော် ကိုယ်စားလှယ် NLD ပါတီဝင်တစ်ယောက်ဖြစ်ပြီး ၂၀၁၈ ဇူလိုင်လကုန်ပိုင်းလောက်ကတည်းက နုတ်ထွက်စာတင်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နုတ်ထွက်စာနဲ့ပတ်သက်ပြီး ဘာမှအကြောင်းမပြန်သေးတာကြောင့် ဒီကြားကာလမှာ လွှတ်တော်မတက်ပေမယ့် သူ့ကိုရွေးချယ်ခဲ့တဲ့ မဲဆန္ဒနယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်တွေကိုတော့ ထမ်းဆောင်နေဆဲပဲလို့ ဒေါ်မြင့်မြင့်စန်း က ပြောပါတယ်။

ဒေါ်မြင့်မြင့်စန်းဟာ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ၁၂ ကြိမ်မြောက်ကစပြီး လက်ရှိ ၁၅ ကြိမ်မြောက် ကျင်းပနေချိန်အထိ လွှတ်တော်ကို တက်ရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ဒေါ်မြင့်မြင့်စန်း နုတ်ထွက်ခဲ့စဉ်က ဒီအကြောင်းကို RFA က ထုတ်လွှင့်ခဲ့ပါတယ်။

ဒါပေမဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ က ဒေါ်မြင့်မြင့်စန်းဟာ စိတ်အခန့်မသင့်လို့ နုတ်ထွက်စာ တင်ခဲ့တာဖြစ်ကြောင်း အဲဒီအချိန်က RFA ကို ဖြေကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။