ပုဂံမြို့အနီး ကားတိုက်မှုမှာ အစ္စရေး တစ်ဦး သေဆုံး

2015-05-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မနေ့ည ၇ နာရီခန့်က ပုဂံမြို့အနီး ကားမတော်တဆတိုက်မှုမှာ အစ္စရေးနိုင်ငံသားတစ်ဦး သေဆုံးသွားပါတယ်။

သူတို့စီးလာတဲ့ မီနီဘတ်စ်ကားက ထရပ်ကားတစင်းကို ဝင်တိုက်မိရာမှာ အဲ့ဒီ အသက် ၆၂ နှစ်ရှိတဲ့ Tel Aviv မြို့သားက အခင်းဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးပြီး သူ့ဇနီးနဲ့ သားဖြစ်သူက ဒဏ်ရာရသွားလို့ ဆေးရုံပို့ခဲ့ကြောင်းသိရပါတယ်။

ရန်ကုန်မှာရှိတဲ့ အစ္စရေးသံရုံးက ဒဏ်ရာရသူတွေကို စောင့်ရှောက်နေပြီး သေဆုံးသူအလောင်းကို အစ္စရေးနိုင်ငံ ပြန်လည်သယ်ယူဖို့ စီစဉ်နေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့