ယူနက်စ်ကိုအဖွဲ့က ပုဂံရှေးဟောင်းဒေသမှာ ကူညီနေ


2016.08.25
bagan-earthquake-620.jpg ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဒေသက ဘုရားပုထိုးတော်တစ်ဆူကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ငလျင်ကြောင့် ပုဂံမှာ ဘုရားပုထိုးတော်တွေ ပျက်စီးသွားတဲ့အတွက် ကုလသမဂ္ဂ UNESCO အဖွဲ့က စိတ်မကောင်းဖြစ်ရပြီး မြန်မာအစိုးရနဲ့အတူ ပူးပေါင်းကူညီသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

၆.၈ ပြင်းအားငလျင်ကြောင့် သေဆုံးသူတွေနဲ့ စေတီပုထိုးတွေ ပျက်စီးသွားတဲ့အတွက် အထူး စိတ်မကောင်းဖြစ်ရကြောင်းနဲ့ လက်ရှိအချိန်အထိ စေတီ ၁၈၄ ဆူပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ပျက်စီးမှုတွေကို လေ့လာမှတ်တမ်းတင်နိုင်ဖို့အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနက အဖွဲ့ ၁၁ ဖွဲ့ခွဲပြီး လုပ်ဆောင်နေပါတယ်။ အဲ့ဒီအဖွဲ့တွေနဲ့အတူ ယူနက်စ်ကို အဖွဲ့က ကျွမ်းကျင်သူ ပညာရှင်တွေက အကူအညီပေးနေပါတယ်။

ပုဂံရှေးဟောင်းအမွေအနှစ်နေရာတွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အဖွဲ့အနေနဲ့  သံဓိဌာန်ချမှတ်ထားပါတယ်။ ယူနက်စ်ကို အဖွဲ့ဟာ မြန်မာအစိုးရနဲ့အတူ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာအဖြစ် အသိအမှတ်ပြုမှုရဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။