ပုဂံဘုရားတစ်ဆူ ပြိုကျ

2015-08-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ပုဂံမှာရှိတဲ့ ဘုရားတစ်ဆူ ပြိုကျပျက်စီးသွားပြီး ကျန်ဘုရားတချို့မှာလည်း ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းရရှိပါတယ်။

ပုဂံဒေသမှာ သုံးရက်ဆက်တိုက်မိုးရွာသွန်းမှုကြောင့် ၂ဝဝ၃ က ပြန်လည်တူးဖေါ်ပြီး ဂူပုထိုးပုံစံနဲ့ တည်ထားတဲ့ အမြင့်ပေ ၃ဝ ရှိ ဘုရားအမှတ် ၁၇၅၂ ဟာ သြဂုတ် ၉ ရက်နေ့က ပြိုကျပျက်စီးသွားခဲ့ပါတယ်။

ပုဂံရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်မြင့် က အခု  ပြိုကျပျက်စီးသွားတဲ့ ဘုရားဟာ  ရန်ကုန်မြို့တော်ဘဏ် ဒါရိုက်တာအဖွဲ့နဲ့ ဝန်ထမ်းမိသားစုတွေက ၂ဝဝ၃ ခုနှစ်မှာ ပြန်လည်တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်ကြောင်း၊ အုတ်တွေက အသစ်တွေဖြစ်ကြောင်းနဲ့ မိုးသုံးရက်ဆက်ရွာတဲ့အတွက် အုတ်တွေ အရည်ပျော်ကျခဲ့တာဖြစ်ကြောင်း စသဖြင့်ပြောဆိုတယ်လို့ ၁၁ ရက်နေ့ မနေ့ကထုတ်ဝေတဲ့ 7 day သတင်းစာ မှာ ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (2)
Share

မြန်မာတိုင်းရင်းသူ

နေရပ်- ပြည်ပတနေရာ

လွန်ခဲ့တဲ့ ၃ နှစ်က ပြင်ထားတဲ့ ဘုရား၊ မိုး သုံးရက် ဆက်ရွာတာနဲ့ အုတ်တွေ အရည်ပျော် ပျက်ကြတယ် တဲ့လား။ တကယ်မှန်တယ်ဆိုရင် ယနေ့ မြန်မာပြည်မှာ အစားအသောက်တွေ အန္တရာယ် ကင်းမကင်း အရည်အသွေး မီ မမီ စစ်ဆေးသလို အုတ်တွေကိုလဲ စစ်ရတော့မယ်။ အဲသလို အုတ်တွေနဲ့ ဆောက်ထားမယ့် အိမ်တွေ မတွေးဝန့်ဘူး။ ၁၁ ရာစုက ရှေးမြန်မာတွေတောင် နှစ်ထောင်နဲ့ ချီခံမယ့် အုတ်မျိုး ဖုတ်နိုင်တယ်၊ ဖုတ်တတ်တယ်။ ဘာပြောရမယ်တောင် မတွေးတတ်တော့ဘူး။

Aug 12, 2015 03:48 PM

အရှင်ပညာသီဟ

နေရပ်- ဇီးကုန်းမြို့

New Pagan has arisen!!!

Aug 12, 2015 01:36 AM

ဆိုက်တခုလုံးသို့