ပဲခူးဝန်ကြီးချုပ်ဟောင်း ရယူခဲ့တဲ့မြေယာတွေ ကို ပြန်သိမ်းမယ်

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့က ကန်တော် ကြီး ရေဝေရေလဲ ဧရိယာထဲမှာ အရင် တိုင်းအစိုးရအဖွဲ့ဝင်တွေက ရာဘာစိုက်ခင်းအဖြစ် သိမ်းယူခဲ့ တဲ့ နေရာတွေကို သဘာဝတောအဖြစ် ပြန်လည်သိမ်းယူ သွားမှာဖြစ်တယ်လို့ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

ပဲခူးမြို့ကို တွေ့ရစဉ် .

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့က ကန်တော်ကြီး ရေဝေရေလဲ ဧရိယာထဲမှာ အရင်တိုင်းအစိုးရအဖွဲ့ဝင်တွေက ရာဘာစိုက်ခင်းအဖြစ် သိမ်းယူခဲ့တဲ့ နေရာတွေကို သဘာဝတောအဖြစ် ပြန်လည်သိမ်းယူသွားမှာဖြစ်တယ်လို့ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

ကန်တော်ကြီးရဲ့ ရေဆင်းဧရိယာတွေကို သိမ်းယူထားတဲ့ ဝန်ကြီးချုပ်ဟောင်းနဲ့ အပေါင်းအပါတွေရဲ့ ရာဘာစိုက် ခင်းတွေကြောင့် မြို့လူထုတွေ သောက်သုံးရေအဖြစ် အသုံးပြုလို့ မရတဲ့အထိ ဖြစ်နေတယ်လို့ ဦးမြင့်ဦးက ပြော ပါတယ်။

"ရေကောင်းရေသန့်တွေက ဒီတောင်ပေါ်ကနေစီးတဲ့ရေတွေက ကန်ကြီးအဖြစ်ပေါ့ ပဲခူးမြို့ ၁၂ ရပ်ကွက် ကို ရေပေးခဲ့တာ နှစ်ပေါင်း ၉၀ ကျော်ပြီပေါ့၊ သိပ်ကောင်းတဲ့ စနစ်ပါ။ ရေကောင်းရေသန့် ရခဲ့တာ။ အခု ၂၀၁၂ ခုနှစ်မှာ ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ရာဘာစိုက်မယ်ဆိုပြီး ရယူလိုက်တာ။ ရာဘာစိုက် တဲ့နေရာမှာသုံးတဲ့ ထွန်ယက်တဲ့ မြေတွေကလည်း ကန်ထဲကိုဆင်းတယ်။ အနည်အနှစ်တွေကလည်း  ကန်ထဲ ကိုဆင်းတယ်။ နောက်မြက်ပေါက်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ ပိုးသတ်ဆေးတွေ ၊ နောက် မြေသြဇာတွေ၊ အဲဒီမှာထားတဲ့ အလုပ်သမားတန်းလျားတွေက အညစ်အကြေးတွေ၊ အလုပ်သမားတွေရဲ့ စွန့်ပစ်ပစ္စည်းတွေက ကန်ထဲကိုစီးဝင်တဲ့အခါ ကန်က သောက်သုံးရန်မသင့်တဲ့ အခြေအနေကို ရောက်သွားတာ"

ကန်တော်ကြီးရဲ့ ရေဝေရေလဲ ဧရိယာ ဧက ၁၃၈၀ ထဲကနေ ဧက ၇၀၀ ကို အရင်ပဲခူးတိုင်းဝန်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီးနဲ့ သဘာဝနဲ့သယံဇာတဝန်ကြီးအပါအဝင် ဗိုလ်ချုပ်ကြီးဟောင်း ၁ ဦးတို့က ပုဂ္ဂလိက ရာဘာစိုက်ခင်းအတွက် သိမ်းယူခဲ့တာလို့ ပြောပါတယ်။

ရာဘာစိုက်ခင်းကြောင့် ကန်တော်ကြီးရေတွေ သောက်သုံးဖို့ မသင့်တဲ့အထိ ဖြစ်နေတာကြောင့် အဲဒီကန်တော် ကြီးရေဝေရေလဲ ဒေသတွေကို စနစ်တကျထိန်းသိမ်းနိုင်ဖို့နဲ့ မြို့လူထုအတွက် အန္တရာယ်ကင်းတဲ့ သောက်သုံးရေ ရရှိရေးအတွက် ရေဝေရေလဲဧရိယာအတွင်း ပုဂ္ဂလိက လုပ်ငန်းများကို ပြန်လည်ရုပ်သိမ်းပြီး သဘာဝသစ်တော ကန့်သတ်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ထောက်ခံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org