လှေပျက်ပြီး မျောလာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ဖမ်းဆီးထား
ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ ဘင်္ဂလားဒေ့ ရ်ှ နိုင်ငံသားတွေလို့ ယူဆရသူ လူ ၉ ဦးကို ငါးဖမ်းစက်လှေနဲ့အတူ မနေ့က ဖမ်းဆီးရမိခဲ့တယ် လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော် မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
-
2017-02-16 -
-
-
ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားတွေလို့ ယူဆရသူ လူ ၉ ဦးကို ငါးဖမ်းစက်လှေနဲ့အတူ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဂွမြို့ရဲ့မြောက်ဘက် ၁၈ မိုင်ခန့်အကွာ၊ ဇီးကုန်းကျေးရွာကမ်းခြေနဲ့ ရေမိုင် ၂ မိုင်လောက်အကွာမှာ စက်ပျက်နေတဲ့ မသင်္ကာဖွယ်ရာ စက်လှေတစ်စီးကို သွားရောက်စစ်ဆေးခဲ့ရာမှာ လှေပေါ်မှာ ငါးဖမ်းပိုက်တွေနဲ့အတူ အဲဒီလူ ၉ ဦးကိုတွေ့ရှိခဲ့တာဖြစ်ပြီး နောက်ထပ် သေဆုံးနေတဲ့ လူတစ်ဦးကိုပါတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူ ၉ ဦးကို စစ်ဆေးမေးမြန်းရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုလ်ကတ္တားကနေ ဇန်နဝါရီ ၁၃ ရက်မှာ ငါးဖမ်းစက်လှေနဲ့ ထွက်ခွာလာခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်မှာ စက်ပျက်ပြီး ပင်လယ်ပြင်မှာ မျောပါလာခဲ့ကာ အဲဒီအထဲက တစ်ဦးဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ အစာရေစာပြတ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြ ထားပါတယ်။
ဖမ်းဆီးရမိသူတွေကို ဂွမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။