ရခိုင်ပြဿနာ တရုတ် ကူညီဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း


2019.01.28
ak-abdul-momen-622.jpg ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ကို တွေ့ရစဉ်
Photo: AK Abdul Momen's FB

မန်မာနိုင်ငံ ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းနိုင်ရေးကိစ္စ လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေးအတွက် တရုတ်ပြည် အနေနဲ့ အားကောင်းမောင်းသန် ပံ့ပိုးကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။


တာဝန်ပြီးဆုံးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျို ကို နှုတ်ဆက်တွေ့ဆုံစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမင် က တနင်္ဂနွေနေ့က တိုက်တွန်းခဲ့တာပါ။

ရခိုင်ပြည်နယ်က နေရာရွှေ့ပြောင်းခဲ့ရသူတွေ မူလနေထိုင်ခဲ့ရာ ပြန်လည်ရောက်ရှိရေးအတွက် တရုတ်ပြည်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ကူညီဖို့ ဆန္ဒရှိကြောင်း၊ ဒီပြဿနာအပေါ် လက်တွေ့ကျကျ ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့နဲ့အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တရုတ်သံအမတ်ကြီး က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အနီးကပ်မိတ်ဆွေအဖြစ် သိထားကြတဲ့ တရုတ်ပြည်အနေနဲ့၊ ရခိုင်ပြည်နယ်က မွတ်စလင်ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအပေါ် နိုင်ငံတကာအသိုင်းအဝန်းရဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေကနေ အကာအကွယ်ပေးနေ တာဖြစ်ကြောင်းလည်း သတင်းမှာဖေါ်ပြပါတယ်။

ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး အမြင့်ဆုံးအဆင့်ထိရောက်ရှိလိုကြောင်း တရုတ်သံအမတ်ကြီးက ပြောဆိုပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။