မြန်မာဘက်က လူမှောင်ခို ခိုးသွင်းဖို့ ကြိုးစားသူနှစ်ဦးကို ဘင်္ဂလားဒေ့်ရှ် ဖမ်းဆီး


2017.05.10

မြန်မာနိုင်ငံက ရိုဟင်ဂျာ ခေါ် မူစလင်တွေကို မလေးရှားနိုင်ငံတွင်း တရားမဝင်လူမှောင်ခို ခိုးသွင်းဖို့ ကြိုးစားခဲ့သူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံက ထွက်ခွာလာသူ ရိုဟင်ဂျာ ခေါ် မူဆလင် ၁၉ ဦး ကို တက်ခ်နပ်ခရိုင်အတွင်း နေအိမ်တလုံးကနေ အင်္ဂါနေ့က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး၊ မလေးရှားကို ရေကြောင်းကနေ လှေနဲ့ ခိုးဝင်ဖို့ လူစုထားတာဖြစ်ကြောင်း၊ တယောက်ကို ဘင်္ဂလားဒေ့ရှ် တာကာငွေ တစ်သောင်း (၁၂၅ ဒေါ်လာ) ပေးရတယ်လို့ သိရကြောင်း ရဲ က ပြောပါတယ်။

ပြီးခဲ့နှစ် အောက်တိုဘာလကစပြီး ရခိုင်ပြည်နယ် အနောက်ပိုင်းက မူစလင်တွေ ၇ သောင်းဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးဝင်ရောက်လာခဲ့ကြတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။