မြန်မာ့အရေး ကီလိုမီတာ နှစ်ထောင် စက်ဘီးစီးသူ ဂျာမဏီ ဆိုက်ရောက်

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုံ့ဆော်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၂) ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကနေ စတင်ခဲ့တဲ့ Burma Campaign UK အဖွဲ့ဝင် Jag Dojkovski ရဲ့ တကိုယ်တော် စက်ဘီးစီး ဥရောပ ခြောက်နိုင်ငံ ခရီးစဉ်မှာ ငါးနိုင်ငံမြောက်ဖြစ်တဲ့ ဂျာမဏီကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်ကနေ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသား နှစ်ထောင်နီးပါး အတွက် ထောက်ပန့်မယ့် ရံပုံငွေ ဗြိတိန်စတာလင် ပေါင်နှစ်ထောင် ရရှိဖို့ သတ်မှတ်ထားပေမယ့် လက်ရှိ ကောက်ခံရရှိငွေ စုစုပေါင်း စတာလင်ပေါင် နှစ်ထောင်ကျော်သွားပြီလို့ Burma Campaign UK အဖွဲ့ ညွန်ကြားရေးမှုး Mark Farmaner က အာအက်ဖ်အေကို ပြောပါတယ်။ သူရဲ့ခရီးစဉ်တလျှောက် အထူးသဖြင့် ပြင်သစ်နဲ့ ဘယ်လ်ဂျီယန် နိုင်ငံတွေမှာဆိုရင် မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဒေသခံပြည်သူတွေက သူ့အတွက် တည်းခိုဖို့နဲ့ စားသောက်စရာတွေကို လိုလေသေးမရှိ စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။ Jag Dojkovski အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကို ရည်ရွယ်ပြီး ကီလိုမီတာ နှစ်ထောင်ဝေးကွာတဲ့ ဗြိတိန်နိုင်ငံကနေ ချက်ပြည်သူ့သမ္မတနိုင်ငံ အထိ ပြိုင်ဘီးတစင်းနဲ့ သွားနေပါတယ်။ သူဖြတ်သန်းခဲ့တဲ့ နိုင်ငံတွေကတော့ ပြင်သစ်၊ ဘယ်လ်ဂျီယန်၊ နယ်သာလန်နဲ့ အခု ဂျာမဏီနိုင်ငံတွေ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ချက်ပြည်သူ့သမ္မတ နိုင်ငံကို ဆိုက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မအင်ကြင်းနိုင်ရဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

0:00 / 0:00