ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ထုတ်ဝေနိုင်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ဒီနေ့ ပြောပါတယ်။
ပြည်သူ့လွှတ်တော်မှာ တွံ့တေးမြို့နယ် ကိုယ်စားလှယ် ဦးမြင့်လွင် က ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ထုတ်ဝေဖို့ မေးမြန်းတဲ့ မေးခွန်းကို ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။
အဲဒီစာအုပ်ကို သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။
စာအုပ်ထဲမှာ အခန်း ၆ ခန်းပါဝင်မှာဖြစ်ပြီး လူငယ်ဘဝ(၁၉၁၅-၁၉၄၇) ၊ တက္ကသိုလ်ကျောင်းသားဘဝ(၁၉၃၂-၁၉၃၈)၊ သခင်ဘဝ၊ လက်နက်ကိုင်တော်လှန်ရေး ပြင်ဆင်မှုကာလ(၁၉၄၀-၁၉၄၁)၊ စစ်ဝန်ကြီးဘ၀ (၁၉၄၂-၁၉၄၅) နဲ့ အမျိုးသားခေါင်းဆောင် (၁၉၄၅-၁၉၄၇) တို့ ပါဝင်မယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
