ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ညှိနှိုင်းရေးအဖွဲ့ကို ၆ ဦးနဲ့ ဖွဲ့စည်း

2019-02-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွေ့ရစဉ်
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွေ့ရစဉ်
Photo: Thiha Tun/RFA

အငြင်းပွားနေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်လို့ "ညှိနှိုင်းရေးအဖွဲ့" ကို လူပုဂ္ဂိုလ် ၆ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့ဟာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကန့်ကွက်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်အသုံးပြုကာ လူစုခွဲလိုက်ပြီးနောက် ဆန္ဒပြသူတွေနဲ့ ပြည်နယ်အစိုးရအကြား ရရှိလာတဲ့ ညှိနှိုင်းသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရမှာဖြစ်တယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။

အဲဒီအဖွဲ့မှာ ဗိုလ်ချုပ်ကြေးရုပ်ကို ထောက်ခံသူ ၂ ဦး၊ လူငယ်ရေးရာကော်မတီက ကိုယ်စားလှယ် ၂ ဦး နဲ့ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၆ ဦး ပါဝင်တာ တေ့ွရပါတယ်။

"ညှိနှိုင်းရေးအဖွဲ့" ဆွေးနွေးပွဲကို မနက်ဖြန်မှာ စတင်ကျင်းပမယ်လို့ သိရပါတယ်။

ဒီအဖွဲ့ဟာ တစ်လအတွင်း တိုင်ပင်ညှိနှိုင်းရမှာဖြစ်ပြီး ဒီကာလအတွင်း ကြေးရုပ်ထားရှိတဲ့ ကန္ဒာဟေဝန် ပန်းခြံမှာ ထောက်ခံပွဲ၊ ကန့်ကွက်ပွဲတွေ ကျင်းပခွင့်မရှိကြောင်း သဘောတူညီထားကြတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့