ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဆွေးနွေးပွဲ ပျက်


2019.02.17
bogyoke-statue-kayah-meeting-4.jpg

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိစ္စ ညှိနှိုင်းဆွေးနွေးပွဲကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF)

bogyoke-statue-kayah-meeting-3.JPG

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိစ္စ ညှိနှိုင်းဆွေးနွေးပွဲကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF)

bogyoke-statue-kayah-meeting-2.jpg

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိစ္စ ညှိနှိုင်းဆွေးနွေးပွဲကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF)

bogyoke-statue-kayah-meeting-1.jpg

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိစ္စ ညှိနှိုင်းဆွေးနွေးပွဲကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF)

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိစ္စ ညှိနှိုင်းဆွေးနွေးပွဲ ပျက်သွားခဲ့တာကြောင့် ကြေးရုပ်ဖယ်ရှားရေးဟာ ပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ရှိကြောင်း ကရင်နီပြည် ပြည်သူများ ကိုယ်စားပြု ညှိနှိုင်းရေးကော်မတီက ကြေညာချက်ထုတ်လိုက်ပါတယ်။

ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ ကန့်ကွက်သူ ကော်မတီတို့ လွိုင်ကော်မြို့က အင်ပါရာဟိုတယ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးရာမှာ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့က ကန္ဒာဟေဝန် ပန်းခြံမှာထားရှိတဲ့ ကြေးရုပ်ကို ဖယ်ရှားဖို့ လက်မခံဘဲ ဖယ်ရှားဖို့အတွက်ဆိုရင် အစိုးရအဖွဲ့နဲ့သာ ဆွေးနွေးဖို့ ပြောဆိုခဲ့တာကြောင့် အခုလို ကြေညာချက် ထုတ်ပြန်ရတာလို့ ကန့်ကွက်သူကိုယ်စား တက်ရောက်ဆွေးနွေးခဲ့တဲ့ ကိုဒီးဒီက RFA ကို ပြောပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ကြေးရုပ်ကိစ္စကို ဘယ်လို ဆောင်ရွက်မလဲဆိုတာကို ၂ ရက်၊ ၃ ရက်ခန့် စောင့်ကြည့်မယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ကို ဆက်သွယ်ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ကြေးရုပ်တုကို ကန့်ကွက်သူတွေဟာ ဒီနေ့ ဆွေးနွေးပွဲ အစပိုင်းမှာ လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်ကို ကယားပြည်နယ်ထဲကနေ ရွှေ့ပြောင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကယားပြည်နယ်က NLD ပါတီပိုင်မြေနေရာ ဒါမှမဟုတ် ပရဟိတအဖွဲ့အစည်းပိုင် မြေနေရာတစ်ခုခုကို ရွှေ့ပြောင်းပေးဖို့ အာမခံမှသာ ဆက်ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ကြေးရုပ်ဖြစ်မြောက်ရေး ဦးဆောင်သူတွေကတော့ ကြေးရုပ်ကို ထောက်ခံတဲ့ ဒေသခံတွေလည်း ရှိတာကြောင့် သူတို့အနေနဲ့ ရွှေ့ပြောင်းပေးဖို့မဖြစ်နိုင်ဘဲ ကြေးရုပ်ကိုလည်း နိုင်ငံတော်ကို လှူဒါန်းပြီးဖြစ်တာကြောင့် ရွှေ့ပြောင်းဖို့ကိစ္စဆိုရင် အစိုးရအဖွဲ့နဲ့သာ ဆွေးနွေးဖို့ပြောဆိုပြီး ပြန်သွားခဲ့တာကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့တာလို့ သိရပါတယ်။

ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးဇော်သူရိန်ဝင်းကတော့ ကန့်ကွက်နေသူတွေဟာ ရွှေ့ပြောင်းရေးဆိုတာကိုသာ ကိုင်စွဲဆွေးနွေးခဲ့တာကြောင့် ညှိနှိုင်းမှုအဆင်မပြေပဲ ဆွေးနွေးပွဲ ပျက်ခဲ့တာဖြစ်ကြောင်းနဲ့ ကန့်ကွက်သူတွေအနေနဲ့ ဆက်လက်ဆွေးနွေးဖို့ ဆန္ဒရှိရင် ထပ်မံညှိနှိုင်းသွားမယ်လို့ RFA ကို ပြောပါတယ်။

ဒီနေ့မနက်က ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီက ကိုယ်စားလှယ် ၆ ဦး၊ ကရင်နီပြည် ပြည်သူများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီက ကိုယ်စားလှယ် ၆ ဦးနဲ့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးဖို့ သဘောတူခဲ့တဲ့အချိန်က အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်တို့ တက်ရောက်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။