ရန်ကုန်-မန္တလေး ရထားပေါ်မှာ နေပြည်တော်အနီး ဗုံးပေါက်ကွဲ

ရန်ကုန်မန္တလေးအဆန် စာပို့ရထား တစီးပေါ်မှာ မေလ ၁၈ ရက် မနေ့ညနေပိုင်းက ဗုံးပေါက်ကွဲတဲ့အတွက် အနည်းဆုံး ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။ ရန်ကုန်က မန္တလေးကိုအသွား မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်အနီး ရွှေမြို့နဲ့ တပ်ကုန်းမြို့နယ်ကြား ဆင်သေဘူတာအနီး ရိုးရိုးတန်း ခရီးသည်တွဲမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

2011-05-19
Share
railway-station-305 ရန်ကုန်ဘူတာကြီးတွင် ရထားစီးမည့် ခရီးသည်များ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပေါက်ကွဲမှုကြောင့် ရထားအမိုး ပွင့်ထွက်သွားခဲ့ကြောင်းနဲ့ ဒဏ်ရာရသူတွေကို တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

အခုတကြိမ်ပေါက်ကွဲမှုဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဖို့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun နေပြည်တော်ကို ရောက်ရှိနေခိုက် အခုလို ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက အင်းစိန်မြို့နယ် ကမ်းနားလမ်း အောင်ဇေယျ အိမ်ရာရှေ့က ကွမ်းယာဆိုင်တဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း ရန်ကုန်သြင်္ကန် X2O ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့လို့ ၁၀ ဦး သေဆုံးပြီး ၁၇၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာပြည်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုတိုင်းကိုလည်း အစိုးရက လက်နက်ကိုင် သူပုန်တွေရဲ့ လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့