တိုင်းရင်းသား ပါတီများနဲ့ အပစ်ရပ်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်မည်


2013.08.12
shan_kayah_building_truth_305 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေး ပွဲ ဖြစ်မြောက်ရေးအတွက် တွေ့ဆုံပွဲပုံ
Photo: RFA/Kyaw Myo Tun

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ တိုင်းရင်းသားပါတီတွေ ပါင်ကြမယ့် ငိမ်းချမ်းရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ အခုလကုန်ပိုင်းမှာ ကျင်းပသွားဖို့ ရှိတယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တာန်ရှိသူတွေက ဒီနေ့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ နဲ့ တိုင်းရင်းသားပါတီတွေရဲ့ တတိယအကြိမ်ေြမာက် ဆွေနွေးပွဲဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအတွက် အဓိကရည်ရွယ်ကျင်းပတာလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က RFA ကို ပြောပါတယ်

အရင်တုန်းက ရှမ်းနဲ့ ကယားလုပ်တယ်လေ၊ ပြီးတော့ ရှမ်း၊ ကယားရယ်နဲ့ မွန်ရယ် အဲလိုပြောထားကြတယ်၊ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအားလုံး အပစ်အခတ်ရပ်စဲထားတဲ့၊ အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးပါမှာပေါ့၊ အဓိကကတော့ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုတည်ဆောက်တာပါ”

ပြီးခဲ့တဲ့ ၁၂ခုနှစ်၊ နိုင်ဘာလက အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေနဲ့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတို့ ပထမဆုံးအြကိမ် ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့သလို ပီးခဲ့တဲ့ မတ်လတုန်းကလည်း ရှမ်းပြည်နယ်၊ ကယားပြည်နယ် ကိုယ်စားပြုပါတီတွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေ လားရှိုးမြို့မှာ ဒုတိယအြကိမ်ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။