ဘူးသီးတောင်ပေါက်ကွဲမှု မှာ ပြည်ပနိုင်ငံသား ၂ ဦး ရဲ့ အလောင်းတွေ့

2017-05-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာနဲ့ အလောင်းတွေ့ရှိသည့်နေရာပြမြေပုံ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာနဲ့ အလောင်းတွေ့ရှိသည့်နေရာပြမြေပုံ
Photo: State Counsellor Office Information Committee/ Facebook

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ညနေက ပေါက်ကွဲမှုဖြစ်ပွား ခဲ့တာနဲ့ဆက်နွယ်ပြီး ပြည်ပနိုင်ငံသားနှစ်ဦးရဲ့ အလောင်းတွေနဲ့အတူ တင်းမေနဲ့ ကျောင်းတောင်အလယ်ရွာ က မော်လဝီနှစ်ဦး၊ စာကိုင်းရွာခံတစ်ဦးတို့ရဲ့ အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် အမျိုးသား၂ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကာ လက်လုပ်မိုင်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ယမ်း၊ မီးသွေး၊ ကန့်၊ ကားပစ္စတင်ခွံတွေကိုပါသိမ်းဆည်းရမိခဲ့ကြောင်း မေလ ၈ ရက်နေ့က ကနဦး သတင်းထုတ်ပြန်ခဲ့တာပါ။

အဲဒီဖြစ်စဉ်တွေအတွက် စုံစမ်းမှုတွေကို ဆက်လက်ပြုလုပ်ခဲ့ရာမှာ မေလ ၁၃ ရက်နေ့ညနေက သဲနီကျေးရွာရဲ့ အနောက်မြောက်ဘက် တောင်ခြေရင်းမှာ အဲဒီအလောင်း ၅ ခုကို တူးဖော်တွေ့ရှိခဲ့တာလို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလောင်းတွေကို ဘူးသီးတောင်ဆေးရုံကိုအပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။

ပြည်ပနိုင်ငံသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံသားတွေဖြစ်ကြတယ်ဆိုတာကိုတော့ ဖော်ပြ ထားခြင်းမရှိပါဘူး။

ကွန်မင့်များ (1)
Share

Maung Lone

နေရပ်- Yangon

We need to follow up on this news. Who were they, who were involved, who paid them, their possible network, possible future threats, also make sure to report to the UN and it's Human Rights commission.

May 15, 2017 10:01 AM

ဆိုက်တခုလုံးသို့