ဘူးသီးတောင်ပေါက်ကွဲမှု မှာ ပြည်ပနိုင်ငံသား ၂ ဦး ရဲ့ အလောင်းတွေ့
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာ အနီးမှာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ညနေက ပေါက်ကွဲ မှုဖြစ်ပွားခဲ့တာနဲ့ဆက်နွယ်ပြီး ပြည်ပနိုင်ငံသားနှစ်ဦး ရဲ့ အလောင်းတွေနဲ့အတူ တင်းမေနဲ့ကျောင်းတောင် အလယ်ရွာက မော်လဝီနှစ်ဦး၊ စာကိုင်းရွာခံ တစ်ဦး တို့ရဲ့ အလောင်းတွေကို တူးဖော်တွေ့ရှိ ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ဒီနေ့ထုတ်ပြန်ပါတယ်။
- 2017-05-15
-
-
-
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ညနေက ပေါက်ကွဲမှုဖြစ်ပွား ခဲ့တာနဲ့ဆက်နွယ်ပြီး ပြည်ပနိုင်ငံသားနှစ်ဦးရဲ့ အလောင်းတွေနဲ့အတူ တင်းမေနဲ့ ကျောင်းတောင်အလယ်ရွာ က မော်လဝီနှစ်ဦး၊ စာကိုင်းရွာခံတစ်ဦးတို့ရဲ့ အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် အမျိုးသား၂ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကာ လက်လုပ်မိုင်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ယမ်း၊ မီးသွေး၊ ကန့်၊ ကားပစ္စတင်ခွံတွေကိုပါသိမ်းဆည်းရမိခဲ့ကြောင်း မေလ ၈ ရက်နေ့က ကနဦး သတင်းထုတ်ပြန်ခဲ့တာပါ။
အဲဒီဖြစ်စဉ်တွေအတွက် စုံစမ်းမှုတွေကို ဆက်လက်ပြုလုပ်ခဲ့ရာမှာ မေလ ၁၃ ရက်နေ့ညနေက သဲနီကျေးရွာရဲ့ အနောက်မြောက်ဘက် တောင်ခြေရင်းမှာ အဲဒီအလောင်း ၅ ခုကို တူးဖော်တွေ့ရှိခဲ့တာလို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အလောင်းတွေကို ဘူးသီးတောင်ဆေးရုံကိုအပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။
ပြည်ပနိုင်ငံသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံသားတွေဖြစ်ကြတယ်ဆိုတာကိုတော့ ဖော်ပြ ထားခြင်းမရှိပါဘူး။