ဘာသာလူမျိုးခွဲခြားမှုလျော့ကျရေး လှုပ်ရှားမှု ကန်တော်ကြီးမှာပြုလုပ်

ဘာသာမတူ လူမျိုးမတူသူတွေအကြား ခွဲခြားဆက်ဆံမှုတွေ လျော့ကျစေဖို့အတွက် ဘာသာပေါင်းစုံက လူငယ် ၂၀ နီးပါးလောက်ဟာ "My Friends" ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှား မှုကို ရန်ကုန်မြို့ကန်တော်ကြီး ပန်းခြံမှာ ဒီနေ့ စတင်ခဲ့ ပါတယ်။

ဘာသာလူမျိုးခွဲခြားမှုလျော့ကျရေး လှုပ်ရှားမှုကို မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးမှာ ကျင်းပနေစဉ်။ Photo: Thiha Tun, Wai Mar Tun/ RFA

ဘာသာမတူ လူမျိုးမတူသူတွေအကြား ခွဲခြားဆက်ဆံ မှုတွေ လျော့ကျစေဖို့အတွက် ဘာသာပေါင်းစုံက လူငယ် ၂၀ နီးပါးလောက်ဟာ "My Friends" ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့ကန်တော် ကြီး ပန်းခြံမှာ ဒီနေ့ စတင်ခဲ့ပါတယ်။

ဘာသာ လူမျိုးကွဲပြားမှုတွေအပေါ်မှာ အခြေမခံဘဲ လူငယ်တွေအကြားမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်နိုင်တယ် ဆိုတာကို သိရှိနားလည်စေဖို့အတွက် အခုလို ဆောင် ရွက်တာဖြစ်တယ်လို့ အဲဒီလှုပ်ရှားမှုမှာပါဝင်တဲ့ မဝေဝေနု က ပြောပါတယ်။

"ကျမတို့ မတူကွဲပြားမှုရဲ့ အင်အားတွေကို မြှင့်တင်ချင် တဲ့ ရည်ရွယ်ချက်ပေါ့နော်၊ မတူကွဲပြားမှုဆိုတာက ဘာသာမတူမှု၊ လူမျိုးမတူမှု၊ အတွေးအခေါ်မတူမှု စသဖြင့် မတူကွဲပြားမှုတွေဟာ ကျမတို့အတွက်အန္တရာယ် မဟုတ်ဘူး၊ ကျမတို့တွေဟာ သူငယ်ချင်းဖြစ်နိုင်တယ်၊ ကျမတို့တွေဟာ ချစ်ခင်နိုင်တယ်၊ သူတို့ရဲ့ဘာသာပေါ် အခြေခံပြီးချစ်တာမဟုတ်ဘူး၊ လူမျိုးပေါ်အခြေခံပြီးချစ်တာမဟုတ်ဘူး၊ လူမို့လို့ချစ်တာ ကျမတို့အဲ့လိုချစ်နိုင်တယ် ဆိုရင် ဘာကြောင့်ကျမတို့က အတူတကွမနေနိုင်ရမှာလဲ ဆိုတဲ့အသိပေးချင်တာပါ"

အဲဒီ့လှုပ်ရှားမှုမှာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံက လူငယ်တွေစုပေါင်းပြီး ဂိမ်းကစားတာတွေ သီချင်းဆို တာတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။

အလားတူလှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံးမှာ တစ်နှစ်နီးပါးကြာ ဆက်လက်ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး လှုပ်ရှားမှုမှာပါဝင်တဲ့ မျိုးဆက်သစ်ငြိမ်းချမ်းရေး ဖော်ဆောင်သူဆုရှင် မဝေဝေနုကို RFA သတင်းထောက် မဝေမာထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org