ကနေဒါက ဒေါ်လာ ၆ သိန်းနီးပါး ကူညီ

မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ တားဆီးရေး အတွက် ကနေဒါနိုင်ငံက ဒေါ်လာ ငါးသိန်းရှစ်သောင်း ကူညီမယ်လို့ မနေ့က ကြေညာခဲ့ ပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကနေဒါသံအမတ် Andrew Bennett (နောက်တန်း မျက်မှန်နှင့်လူ)နဲ့ အမေရိကန် ဘာ သာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံအမတ် David Saperstein တို့ဟာ မေလ ၂ ရက်နေ့က ဘာသာရေးခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြစဉ် Photo: U.S. Embassy Burma Facebook

မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ တားဆီးရေးအတွက် ကနေဒါနိုင်ငံ က ဒေါ်လာ ငါးသိန်းရှစ်သောင်း ကူညီမယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။

ကနေဒါနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ် Andrew Bennett က ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီရေး တိုးတက်အားကောင်းလာအောင်ဆောင်ရွက်ရာမှာ၊ ဘာသာရေးလွတ်လပ်ခွင့်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့အတွက် ကူညီပံ့ပိုးပေးတာဖြစ်ကြောင်း ကြေညာချက် မှာ ဖေါ်ပြပါတယ်။

အခုထောက်ပံ့ငွေဟာ ပမာဏအားဖြင့် မများဘူးလို့ဆိုနိုင်ပေမဲ့၊ မိမိရဲ့ နှစ်စဉ်အသုံးစရိတ် ခွင့်ပြုငွေ ဒေါ်လာ ၅ သန်း ထဲက အချိုးအဆ အကြီးဆုံးပမာဏကို ပေးအပ်တာဖြစ်ကြောင်း Andrew Bennett က ပြောပါတယ်။

အဲဒီကူညီငွေကို ပညာရေးကတဆင့် ဘာသာရေးလွတ်လပ်မှုကို မြှင့်တင်ဖို့နဲ့ ဘာသာရေးလွတ်လပ်မှု ချိုးဖေါက်တဲ့လုပ်ရပ်တွေကို အပြုသဘော တုန့်ပြန်နိုင်တဲ့စွမ်းရည်တွေ ထူထောင်ပေးရေးဆိုတဲ့ စီမံကိန်းနှစ်ခုအတွက် အသုံးပြုမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကနေဒါ သံအမတ် Andrew Bennett ဟာ အမေရိကန် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံအမတ် David Saperstein နဲ့အတူ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့ပြီး၊ အစိုးရအရာရှိတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံပြီး ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org