မြန်မာနိုင်ငံမှာ သောကြာနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ဝဝ နီးပါးရဲ့ အမှုတွေကို ပယ်ဖျက်ရုပ်သိမ်းပေး လိုက်တယ်လို့ အမည်မဖော်လို့တဲ့ ရဲအရာရှိကြီးတစ်ဦးက ပြောကြားလိုက် ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက် ပေါ်ထွက်လာပြီး တစ်ရက် အကြာ သောကြာနေ့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၉၉ ဦးရဲ့အမှုတွေကို ရုပ်သိမ်းပေးလိုက်တာလို့ အမည် မဖော်လိုတဲ့ ရဲအရာရှိကြီးတစ်ဦးရဲ့ ပြောကြားချက်ကို AFP သတင်းတစ်ရပ်မှာ ဖော်ပြထားတာပါ။
နောက်ထပ်အမှုအများအပြားကို သြင်္ကန်တွင်းမှာ ပြန်လှန်သုံးသပ်ပြီးနောက် သြင်္ကန်ပိတ်ရက်အပြီး တရားရုံးတွေ ပြန်ဖွင့်တဲ့အခါ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာလိမ့်မယ်လို့လည်း အဲ့ဒီရဲအရာရှိကြီးက ပြောဆိုပါတယ်။
