အလယ်ပိုင်းဒေသတွေ မိုးကြီးနိုင်

2016-08-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးမြို့နယ်မှာ သြဂုတ်လ ၃ ရက်နေ့က ရေကြီးနေတာကို တွေ့ရစဉ်
မန္တလေးမြို့နယ်မှာ သြဂုတ်လ ၃ ရက်နေ့က ရေကြီးနေတာကို တွေ့ရစဉ်
Photo: Hset Paing Toe/RFA

မြန်မာနိုင်ငံအလယ်ပိုင်းက မန္တလေး၊ မကွေး၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ နောက် ၃ ရက်လောက်အထိ မိုးများပြီး ရေကြီးရေလျှံ တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

မြစ်တွေ ချောင်းတွေကနေ ရေလျှံတက်လာတွေဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"မုတ်သုံအားလျော့နေတဲ့အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ကွက်ပြီး မိုးကြီးနေတာ။ ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး မိုးများနေတဲ့ အတွက် ချောင်းရေ၊ မြစ်ရေတွေ လျှံတက်လာတာ၊ လမ်းတွေကို ရေကျော်တာတွေ မြင်းမူ၊ တို့ဘာတို့မှာဖြစ်နေပြီ"

တနင်္သာရီ၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းနဲ့ ကယားပြည်နယ်တွေမှာလည်း ဒီကနေ့ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးကြီးနိုင်တဲ့အတွက် သတိထားဖို့ ကြေညာထားတဲ့ မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့ဟာ ဒီလဆန်းလောက်ကစပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ် ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့