နိုင်ကျဉ်းတွေ ငါးလွှတ်ဆုတောင်း

2014-04-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အကျဉ်းထောင်အသီးသီးမှာမလွတ်မြောက်သေးပဲကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက် ရေးကိုရည်စူးပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က မနေ့က နှစ်ဆန်းတစ်ရက်နေ့မှာ ဇီဝိတဒါနငါးလွှတ်ပွဲနဲ့ ဆုတောင်းပွဲပြုလုပ် ခဲ့ကြပါတယ်။

မနေ့က ညနေ ၄ နာရီလောက်က ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ငါးလွှတ်ဆုတောင်းပွဲ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးက RFA ကိုပြောပါတယ်။

"ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်သားတွေအတွက်ကျနော်တို့ စတင်ပြီးတော့ နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့ ထူထောင်ပြီးတဲ့အချိန်ကနေ ခုချိန်အထိနှစ်စဉ်နှစ်တိုင်း ကျနော်တို့လုပ်ခဲ့ပါတယ်၊ခုတစ်ကြိမ်လုပ်တာနဲ့ ဆိုရင် ဒါကျနော်တို့ သုံးကြိမ်မြောက်ပါ၊ကျနော်တို့ ဗိုလ်တထောင်ဘုရား၊ဗိုလ်တထောင်ဆိပ်ကမ်းမှာ ကျနော်တို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်၊အဲ့ဒီမှာ ကျနော်တို့က ငါးလွှတ်ပွဲနဲ့အတူ ဆုတောင်းပွဲပါတခါတည်းပြု လုပ်ခဲ့ပါတယ်"

သူတို့အဖွဲ့ရဲ့စာရင်းအရ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အကုန်ထိ မလွတ်သေးတဲ့နိုင်ငံရေးအကျဉ်းသား ၃ဝ ကျော်ရှိသေးတယ်လို့ သိရပြီး၊ နောက်ထပ်တိုးလာတဲ့ နိုင်ငံအကျဉ်းသားစာရင်းနဲ့ တရားရင်ဆိုင်နေရ သူ တွေရဲ့စာရင်းကို မထည့်ရသေးဘူး လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက် ရေးကိုရည်စူးပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က မနေ့က နှစ်ဆန်း တစ်ရက်နေ့မှာ ဇီဝိတဒါနငါးလွှတ်ပွဲနဲ့ ဆုတောင်းပွဲပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသက်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (1)
Share

သိကြားစေ

နရေပျ- သက်သေညွှန်း

မတရားအကျဉ်းကျနေသူများ လွတ်မြောက်စေဖို့ ဆုတောင်းသလို သက်ဆိုင်ရာ“အကြီးအကဲ”များလည်း အမြင်ကြည်လင်ပါစေကြောင်း ထည့်ဆုတောင်းပေးပါ။

Apr 19, 2014 09:12 PM

ဆိုက်တခုလုံးသို့