ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက် သန်းပေါင်း တစ်သောင်းခွဲဝေပေးဖို့ တင်ပြ


2016.08.30
chin-mp-620.jpg ပြည်သူ့လွှတ်တော်မှာ သြဂုတ်လ ၃ဝ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်း ကို တွေ့ရစဉ်
Photo: Pyithu Hluttaw

ချင်းပြည်နယ် မြို့ပြတည်ဆောက်ရေးလုပ်ငန်းတွေအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကို လာမယ့် ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သန်းပေါင်း တစ်သောင်း ခွဲဝေချထားပေးဖို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ဒေါ်နီရွှေလျန်း က တင်ပြခဲ့ပါတယ်။

စည်ပင်သာယာရေးအဖွဲ့ဟာ ပြည်နယ်အဆင့်ဖြစ်တဲ့အတွက် ပြည်ထောင်စုဘဏ္ဍာငွေကနေ တိုက်ရိုက်ချထားပေး လို့မရကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်မှာ ပြန်လည်တင်ပြခဲ့ ပါတယ်။

"စည်ပင်သာယာရေးအဖွဲ့ဟာ ပြည်နယ်အဆင့်အဖွဲ့အစည်းဖြစ်တဲ့အတွက် စည်ပင်သာယာရေးအဖွဲ့ရဲ့ အသုံးစရိတ် ကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေကနေ တိုက်ရိုက်ခွဲဝေချထားလို့ မရပါ၊ ချင်းပြည်နယ် ဘဏ္ဍာငွေထဲကသာ ကျခံသုံးစွဲရမည်ဖြစ်ပြီး လိုငွေကို ပြည်ထောင်စုက ထောက်ပံ့ပေးရမှာဖြစ်ပါတယ်" လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဘတ်ဂျက်ချထားပေးတဲ့ အစီအစဉ်ကို ရှင်းပြခဲ့ပါတယ်။

ချင်းပြည်နယ်အစိုးရရဲ့ ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲတင်ပြရာမှာ ထည့်သွင်းနိုင်ပြီး ပြည်ထောင်စုအဆင့်က စိစစ်ချထားပေးမှာဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။

ချင်းပြည်နယ် ဘဏ္ဍာရန်ပုံငွေစာရင်းမှာ ငွေလုံးငွေရင်း အသုံးစရိတ်အနေနဲ့ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွက် ၁၀၂ ဒသမ ၅၃ ဘီလီယံ လျာထားကြောင်းလည်း တင်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။