ချင်းပြည်နယ် ဝန်ထမ်း တပ်မတော်သားတွေ ရိုက်နှက်


2019.05.11
salaiboi-622.jpg မတူပီဌာနေတပ်က တပ်မတော်သားတွေရဲ့ ရိုက်နှက်မှုခံရတဲ့ မတူပီမြို့ လျှပ်စစ်ဌာန ဝန်ထမ်း စလိုင်း ဘာဝီ ကို တွေ့ရစဉ်
Photo: Chin Human Rights Org

ချင်းပြည်နယ် မတူပီမြို့ လျှပ်စစ်ဌာန ဝန်ထမ်းတစ်ဦးကို မီးဖြတ်လို့ဆိုပြီး မတူပီဌာနေတပ်က တပ်မတော်သား ခြောက်ဦးက လာရောက်ပြီး ရိုက်နက်သွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က မေလ ၁ဝ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီရိုက်နှက်မှုဟာ ဧပြီလ ၂ဝ ရက်နေ့ကဖြစ်ခဲ့ပြီး အရိုက်ခံရတဲ့ ဝန်ထမ်း စလိုင်း ဘာဝီ ဟာ  မတူပီမြို့ ဘန်တလာရေအားလျှပ်စစ်စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

ဘုန်တလာရေအားလျှပ်စစ် စက်ရုံက ဝန်ထမ်းတစ်ဦးကို တပ်မတော်သားတွေ ရိုက်နှက်သွားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။