ချင်းပြည်နယ်မှာ ပြန်လည် ထူထောင်ရေးလုပ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား

2016-02-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ချင်းပြည်နယ် ဟားခါးမြို့မှာ ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၃ဝ ရက်နေ့က ရုန်းတောင်ပြိုကျခဲ့တာကြာင့်  တော်လှန်ရေးရေကန်ပေါ်မှာ မြေကြီးတွေ ဖုံးလွှမ်းသွားစဉ်
ချင်းပြည်နယ် ဟားခါးမြို့မှာ ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၃ဝ ရက်နေ့က ရုန်းတောင်ပြိုကျခဲ့တာကြာင့် တော်လှန်ရေးရေကန်ပေါ်မှာ မြေကြီးတွေ ဖုံးလွှမ်းသွားစဉ်
Photo: Kyaw Htoon Naing/ RFA

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မိုးကြီးခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ နေအိမ်တွေနဲ့ လမ်းတံတားတွေကို အသစ်ပြန်လည်ဆောက်လုပ်ပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက် သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ကျရောက်တဲ့ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က မြေပြိုခဲ့မှုကြောင့် ချင်းပြည်နယ် ဟားခါးမြို့မှာ ပျက်စီးသွားတဲ့နေအိမ်တွေကို အစိုးရက ပြန်လည်ဆောက်လုပ်နေရာချထားပေးပြီးပြီလို့ ဟားခါးမြို့ခံ ဦးတင်ပန်းက ပြောပါတယ်။

"အစိုးရဘက်က ဆောက်ပေးတဲ့ အိမ်တွေလည်းပြီးပြီ၊ နောက်ပြီးတော့ မိမိကိုယ်တိုင်ဆောက်မယ့် လူတွေလည်း ကိုယ့်မြေကွက်တွေအားလုံး မဲနှိုက်လိုက်ပြီးပြီ၊ မြေကွက်တွေ အကုန်လုံးရိုက်ပြီးသွားပြီ၊ အခုလောလောဆယ်တော့ ဝယ်လို့မရသေးဘူး၊ သူတို့ ရေမပေးနိုင်သေးလို့၊ အခု ရေပေးဖို့ အစီအစဉ်ရှိနေတုန်း၊ အဲ့ဒါ ရေပေးပြီးမှပဲ ကျနော်တို့ ၃ လပိုင်းလား၊ ၄ လ ပိုင်းလား အဲ့ဒီမှာပဲ ကျနော်တို့ အဲ့ဒီ ကွက်သစ်ကိုဝင်လို့ရမှာ၊ မြေရဲ့အခြေအနေကောင်းပါတယ် ဒီနေ့အချိန်ထိတော့၊ နောက် လမ်းပန်းဆက်သွယ်မှုကတော့ ဂန့်ဂေါလမ်းက လမ်းတော့ပေါက်နေပါပြီ၊ မန္တလေး - ဟားခါး ကောင်းကောင်းသွားလို့ရတယ်၊ ကလေးနဲ့ ဟားခါးလည်း ကောင်းကောင်းသွားလို့ရပါတယ်"

ချင်းပြည်နယ်မှာ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးတွေအပြင် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ဖို့အတွက် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးရေးနဲ့ ပလက်ဝမြို့ ဆိပ်ကမ်းတည်ဆောက်ရေးတွေ ကိုလည်း ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းထားပါတယ်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့မှာ လူထုညီလာခံကျင်းပပြီး စော်ဘွား အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ကိုပြောင်းလဲဖို့ သတ်မှတ်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီနောက် ၁၉၅ဝ ခုနှစ်မှာ ချင်းရေးရာကောင်စီညီလာခံကနေ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကို ချင်း အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသ ကြီးတွေအပြင် ချင်းပြည်နယ်ထဲက ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ် အစရှိတဲ့မြို့နယ်တွေမှာ ကျင်းပခဲ့ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

Mr. Tamadah,
the WHOLE CHIN State needs reconstruction. Do it.

Feb 21, 2016 07:40 PM

Sai Lin Kan

Dear President U Thein Sein, you will be gone in a few weeks. Your Government has destroyed beautiful Kachin State's landscape and environment as well as stealing Jades and natural resources for nearly five years. Why do you tell now you will rejuvenate or redevelop Kachin state that your boss Than Shwe and your Government have completely destroyed Kachin land and lives of Kachin peoples? I must suggest you and Burmese Army’s Generals get real and accept truth “no one like Burmese Military and no trust Army Generals in Burma”.

Feb 20, 2016 09:03 PM

ဆိုက်တခုလုံးသို့