ချင်းတိုးတက်ရေးပါတီ အမတ်လောင်း ၄၅ ဦးယှဉ်ပြိုင်မည်

ချင်းတိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတဲ့ ချင်းတိုးတက်ရေးပါတီ၊ Chin Progressive Party (CPP) ဟာ ပါတီဝင် တသောင်းနှစ်ထောင်ကျော် ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းက ပလက်ဝ၊ မတူပီ၊ ဟားခါး၊ ဖလမ်း၊ တီးတိန် စတဲ့မြို့နယ်တွေ အပါအဝင် စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့တွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အမတ်လောင်း ဦးရေ ၄၅ ဦး ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို စာရင်းပေးထားပြီးဖြစ်တယ်လို့ ဥက္ကဋ္ဌ ဦးနိုထန်ကတ်က ပြောပါတယ်။
2010-08-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
(RFA Map)

ချင်းတိုးတက်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားအလာကောင်းနေပြီး သူတို့အနိုင်ရခဲ့ရင် ချင်းပြည်နယ်အတွင်း အဓိက လိုအပ်နေတဲ့ လမ်းပန်းဆက်သွယ်ရေးကိစ္စတွေကို ဦးစားပေး လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ခုလို ပြောပါတယ်။

“ကျနော်တို့ ဝင်ပြိုင်မဲ့နေရာက နည်းနည်း နည်းတဲ့အခါကျတော့ ဒီလောက်ကြီး အခက်အခဲ မရှိလှပါဘူး၊ အလားအလာ ကောင်းပါတယ်လို့ပဲ ပြောရမှာပဲ၊ ကျနော်တို့ ရည်မှန်းထားချက်ကတော့ အဓိကအားဖြင့် ဒီ လမ်းပန်းဆက်သွယ်ရေးကို အဓိကထားပြီးတော့ လုပ်ကြဖို့ ဘာလဲဆိုတော့ အဓိကလိုအပ်ချက်က ချင်းပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးကလေ ဥပမာပြောရရင် ချင်းပြည်နယ် တခုတည်းမှာ လေယာဉ်ကွင်းတကွင်းမှ မရှိဘူး၊ လမ်းပန်းဆက်သွယ်ရေးဆိုတော့လည်း ကတ္တရာလမ်း ဖောက်တာ မရှိဘူး ၁၂ ရာသီကို ပြောတာပေါ့ ဆိုတော့ လမ်းပန်းဆက်သွယ်ရေးကို ကျနော်တို့အခြေခံထားပြီးတော့ စလှုပ်ရှားမယ်၊ နောက်ပြီးတော့ ကျန်းမာရေးတို့ ပညာရေးတို့ နောက်က လိုက်ရမှာပေါ့နော်။”

ချင်းပြည်နယ်အတွင်းက ၉ မြို့နယ်နဲ့ တခြား ၂ မြို့နယ် အပါအဝင် ၁၁ မြို့နယ်လုံးကနေ ဝင်ရောက် ယှဉ်ပြိုင်မဲ့ အမတ်လောင်းစာရင်းကို ပြီးခဲ့တဲ့ ၂၃ ရက်နေ့ တနင်္လာနေ့က ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့ပြီးဖြစ်သလို အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေမှာ အရွေးခံမဲ့သူတွေကိုလည်း လျာထားပြီး ဖြစ်တယ်လို့ ဥက္ကဋ္ဌ ဦးနိုထန်ကတ်က ပြောပါတယ်။

လာမဲ့ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ချင်းတိုးတက်ရေးပါတီအပြင်၊ ချင်းအမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်အတွင်း ပါတီစည်းရုံးရေး ခရီးစဉ်တွေမှာ သွားရေးလာရေးကလွဲပြီး တခြားအခက်အခဲ သိပ်မရှိဘူး အနှောင့်အယှက်လည်း နည်းပါတယ်လို့ ဥက္ကဋ္ဌ ဦးနိုထန်ကတ်က ဆက်ပြောပြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့